၁၄.၅.၂၀၁၈ ရက်နေ့ နံနက်ပိုင်းကေ နပြည်တော်မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲအဖွင့်အမှာစကားမှာ ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။
၁၄.၅.၂၀၁၈ ရက်နေ့ နံနက်ပိုင်းကေ နပြည်တော်မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲအဖွင့်အမှာစကားမှာ ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။
၁၃.၅.၂၀၁၈ ရက်နေ့ နေ့လည် ၁၄း၀၀ နာရီတွင် လပွတ္တာမြို့နယ် အမှတ် ၃ ရပ်ကွက် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် ပါတီဝင်အသစ် ပါတီကဒ်ပေးအပ်ပွဲအခမ်းအနားပွဲပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ
ဦးဝင်းဆွေ၊ မြို့နယ်ပါတီဘဏ္ဏာရေးမှူး ဦးစန်းမင်း၊ မြို့နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးအောင်တင်၊ လူငယ်တာဝန်ခံ ဦးညိုဝင်း၊ ဦးကျော်မျိုးနင့် အမှတ် ၃ ရပ်ကွက် အမှတ် ၂ ရပ်ကွက် ညောင်လိန်အုပ်စု လ/မြောက်အုပ်စု များမှ ပါတီဥက္ကဌများ ပါတီဝင်များ စုစုပေါင်းအင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက်၁၀နာရီခန့်က မြို့နယ်ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဦးလွင်မိုး အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညီညီထွေးမှ ရှေ့ဆက်လုပ်ငန်းစဉ်များအား ဆွေးနွေးကာ ပြည်နယ်လူငယ်ရေးရာတာဝန်ခံ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာတိုးတိုးအောင်မှ ဗဟိုလမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ရပ်/ကျေးဥက္ကဋ္ဌများမှ မိမိတို့၏လုပ်ဆောင်ချက်များ လိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးကြကာ နံနက် ၁၁နာရီခွဲခန့်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးမြောက်ကြောင်း သိရသည်။
ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ဒေါနခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသော ဘားအံ မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌဦးစောမြင့်ဦး၊ဗဟိုကော် မတီဝင် ပြည်နယ်အတွင်းရေးမှူး ဦးစန်းကို၊ ဗဟိုကော်မတီဝင် ပြည် နယ်ဘဏ္ဍာရေးမှူး ဦးစောဝင်း ထိန်၊ ဘားအံခရိုင် ပါတီအတွင်း ရေးမှူး ဒေါ်စန္ဒာဦး၊ ဘားအံမြို့ နယ်ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်း၊ မြို့နယ်အတွင်းရေးမှူး ဦးခွန် သန်းဝင်းနှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်စု ပါတီဥက္ကဋ္ဌများ စုစုပေါင်း အင်အား ၁၂ဝ ခန့် တက်ရောက် ခဲ့ကြသည်။
မန္တလေးမြို့တွင် မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးမျိုးမြင့်နှင့်ဦးကျော်စန်း၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌဦးဘိုသင်း၊ မဟာအောင်မြေမြို့နယ် ပါတီဥက္ကဋ္ဌဦးမြင့်သန်း၊ မြို့နယ်ပါတီအတွင်းရေးမှူးဦးသန်းစိုးနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်ကွက် ပါတီဥက္ကဋ္ဌများနှင့်ပါတီဝင်များ၊ ရပ်ကွက်အသီးသီးမှ ကန်တော့ခံဘိုးဘွားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့်ခရိုင်ပါတီ ကော်မတီဝင်များ တက်ရောက်ကြသည်။
ညောင်ဦးမြို့နယ် တောင်ဇင်း အုပ်စု ညောင်လှကျေးရွာ လေဘေး သင့်ပြည်သူများအား ပြည်ခိုင်ဖြိုး ပါတီမှ ယနေ့ နံနက် ၉ နာရီတွင် လှူဒါန်းဖွယ်ရာများကိုသွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (၄၇)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနတွင်ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ ဝင်ဦးတင်လှိုင်နှင့် ဦးတင်ဝင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပါတီ ဥက္ကဋ္ဌဦးနေဝင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊အနောက်ပိုင်းခရိုင် ၁၃ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ၁၃ မြို့နယ်မှ သွေးလှူဒါန်း မည့်ပါတီဝင်များ အင်အား ၁၁ဝ တက်ရောက်ခဲ့သည်။
အစီအစဉ်အရပါတီဗဟို ကော်မတီဝင်ဦးတင်ဝင်းက သွေးလှူဒါန်းရခြင်းအကြောင်း ကိုရှင်းလင်းပြောကြားသည်။ ထို့နောက် အမျိုးသားသွေး လှူဘဏ်မှ တာဝန်ရှိသူက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီးသွေးလှူဒါန်းနေ သူများကို လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားခဲ့ ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီသည် စဉ်ဆက်မပြတ် ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ် ခဲ့ကြရာတွင် ယနေ့နံနက် ၉ နာရီ ၌ မအူပင်မြို့နယ် မလက်တိုကျေး ရွာအုပ်စု လက်ပန်ကုန်းကျေးရွာမှ ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ် ခဲ့သည်။