ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၄၇)ကြိမ် မြောက်သွေးလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (၄၇)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနတွင်ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ ဝင်ဦးတင်လှိုင်နှင့် ဦးတင်ဝင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပါတီ ဥက္ကဋ္ဌဦးနေဝင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊အနောက်ပိုင်းခရိုင် ၁၃ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ၁၃ မြို့နယ်မှ သွေးလှူဒါန်း မည့်ပါတီဝင်များ အင်အား ၁၁ဝ တက်ရောက်ခဲ့သည်။
အစီအစဉ်အရပါတီဗဟို ကော်မတီဝင်ဦးတင်ဝင်းက သွေးလှူဒါန်းရခြင်းအကြောင်း ကိုရှင်းလင်းပြောကြားသည်။ ထို့နောက် အမျိုးသားသွေး လှူဘဏ်မှ တာဝန်ရှိသူက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီးသွေးလှူဒါန်းနေ သူများကို လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားခဲ့ ကြောင်းသိရသည်။

မအူပင်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံပွဲပြုလုပ်

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီသည် စဉ်ဆက်မပြတ် ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ် ခဲ့ကြရာတွင် ယနေ့နံနက် ၉ နာရီ ၌ မအူပင်မြို့နယ် မလက်တိုကျေး ရွာအုပ်စု လက်ပန်ကုန်းကျေးရွာမှ ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ် ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သံဃာအပါး ၁၂၇ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူ

 

အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ စိန္တိတာလင်္ကာရ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ နိုင်ငံ့စွမ်းဆောင်ရည်ဆုရှင်) ဆရာတော် ကြီး၏ ဂုဏဝိသိဋ္ဌပူဇော်ပွဲ မော်လမြိုင်ကျွန်းမြို့နယ် ပစ္ဆိမာရုံကျောင်းတွင် ယနေ့ညနေ ၄ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပင့်သံဃာအပါး ၁၂၇ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် လှူဖွယ်ပစ္စည်းကပ်လှူခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ် ပါတီအတွင်းရေးမှူးဦးအောင်ဇော်လှိုင်၊ မြို့နယ်ဘဏ္ဍာရေးမှူးဦးသောင်းဦးနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီလူငယ်များ စုပေါင်းပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြို လူငယ်နှိးနှောဖလှယ်ပွဲကို ယနေ့ နံနက် ၉ နာရီက မုံရွာမြို့ မြစန္ဒာခန်းမတွင် ကျင်းပသည်။

မေ ၇ ရက် က ရန်ကုန်တိုင်း ဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံ အကြို လူငယ်နှီးနှောဖလှယ်ပွဲအခမ်းအနား၌ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ ပြောကြားခဲ့သည်မှ ကောက်နှုတ်ချက်

 

_ ပြည်ခိုင်ဖြိုးပါတီသည် အတိုက်အခံ ဖြစ်နေကြောင်း ၊

_ သို့သော် အစိုးရကို အတိုက်အခံ လိုက်လုပ်နေခြင်း မဟုတ်၊

_ ပြည်ခိုင်ဖြိုးပါတီသည် အစိုးရ ရာထူးနေရာများတွင် လုပ်ဖူးသူများဖြစ်၍ ကိုယ်ချင်းစာစိတ်ရှိကြောင်း ၊

_ သို့သော် ရည်ရွယ်ချက်ခြင်း မတူပါက နိုင်ငံတော်ကို ကြည့်ရမည်ဖြစ်ကြောင်း၊

ဇီးကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်၊ရပ်/ကျေး လစဉ်ပုံမှန်တွေ့ဆုံအစည်းအဝေးပွဲကို ယနေ့ ၁၀.၅.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးသို့ တိုင်းပါတီကော်မတီဝင် ၊ ခရိုင်ပါတီကော်မတီဝင်၊ မြို့နယ်ပါတီကော်မတီဝင်များ ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်သူလူထု၏ လိုအပ်ချက်များ၊ ပါတီ၏ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မေ (၉) ရက်နေ့ နယ်မြေကွင်းဆင်း ပြည်သူ့အကျိုးဆောင်ရွက်မှုများ

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဇော်လွင်သည် မေ ၉ ရက်နံက် ၁၀ နာရီအချိန်က မြို့မရပ်ကွက်ကျောင်းဆောင်သစ်ဆောက်လုပ်မည့်မြေနေရာအား ရပ်ကွက်အုပ်ချုပ်ရေးမှူး မြို့မိမြို့ဖများ၊ ဆယ်အိမ်မှူးများနှင့်မြေနေရာရွေးချယ်ခဲ့ပါသည်။.
နေ့လည်(၁၂)နာရီအချိန်တွင် မြို့နယ်ကော်မတီဝင် ဦးခင်မောင်ရွှေနှင့်အတူ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးသို့ သွားရောက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်ဥမ္မာအေးတင့်နှင့်တွေ့ဆုံပြီး စီပိန်းကျေးရွာနှင့် တုံကွာကျေးရွာအကြားရှိ ပျက်စီးနေသောတံတားများ ပြုပြင်ပေးရေးညှိနှိုင်းခဲ့ရာ တံတား ၅ စင်းအား မကြာမီရက်ပိုင်းအတွင်း ပြုပြင်ပေးမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့ပါသည်။
ညနေ ၄ နာရီအချိန်ကကုန်းခါးရပ်ကွက် နမ့်ပေါ်ချောင်းကမ်းပါး ရေတိုက်စားမှုပြုပြင်ရန်အတွက် ဆည်မြောင်းအင်ဂျင်နီယာ ဦးတင်မင်းဌေး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကြက်ခြေနီအသင်းခွဲအား အလှူငွေကျပ် ၃ဝဝဝဝပေးအပ်လှူဒါန်း

 

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီ က ကချင်ပြည်နယ် ဗန်းမော်မြို့ အထက(၃)မြညီလာခန်းမ၌ကျင်းပ ခဲ့ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်စိုး၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ နာယကဂုဏ်ထူးဆောင် ဥက္ကဋ္ဌဦးမြင့်ဆွေ၊ မြို့နယ်ကြက်ခြေ နီအသင်းခွဲ ဥက္ကဋ္ဌဦးကျော်ဝင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက် ခြေနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသက်ဝင်း၊ ကော်မတီဝင်ဦးမင်းသွင်နှင့်စုစုပေါင်း ၁၂၄ ဦးတက်ရောက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်း မှ စက်ရေတွင်တူးရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေ လှူဒါန်း

 

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းကိုယ်စား၊ မော်လမြိုင်ခရိုင် ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး၊ ချောင်းဆုံမြို့နယ် ပါတီအတွင်းရေးမှူး ဦးမျိုးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ ဖံဖကျေးရွာ တိုက်ကျောင်းဆရာထံ စက်ရေတွင်းတူးရာ၌ အသုံးပြုနိုင်ရေးအတွက် အလှူငွေ (၅) သိန်းကျပ်အား မေ (၉) ရက်နေ့တွင် သွားရောက်လှူ ဒါန်းခဲ့ကြသည်။