ဗန်းမော်၊ မေ ၁၇
ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တံတားဖွင့်ပွဲ တက်ရောက်ချီးမြှင့်
မအူပင်၊ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကျုံတိုင်းကြီးကျေးရွာအုပ်စု သဲကုန်းတံတားဖွင့်လှစ်ပွဲနှင့် သိက္ခာထပ်၊ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူမင်္ဂလာပွဲအား ယမန်နေ့နံနက် ၇ နာရီမှ စတင်၍ အဆိုပါ သဲကုန်းတံတားတွင် ကျင်းပခဲ့ရာ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲ အခမ်းအနား
ဖါးဆောင်းမြို့၊ မေ( ၁၈)
ယနေ့ ၁၈ – ၅ -၂၀၁၈ရက်နေ့ နံနက် (၉း၀၀)နာရီ အချိန်တွင် ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲ အခမ်းအနားအား ဖါးဆောင်းမြို့နယ် မော်ချီးကျေးရွာအုပ်စု လိုခါးလိုကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးစောကိုဒီ နေအိမ် (ပြည်ခိုင်ဖြိုးရုံး) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ မေ ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂ဝ၁၈) အား ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး/ ပြည်နယ် ပါတီဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြသည်။ ယင်းနောက် ဗဟိုအတိုင်ပင်ခံများနှင့် ကော်မတီများ၊ ဌာနကြီးများ၊ ရေးရာကော်မတီတာဝန်ခံ များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများ ဆွေးနွေးတင်ပြကြပြီး ပထမနေ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရပ်နားခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၂/၂ဝ၁၈)
လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
မကွေး၊ မေ ၊ ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၀း၀၀ နာရီမှ စတင်၍ တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းလူငယ်ရေးရာတာဝန်ခံ ဦးကျော်သူဦး၊ တိုင်းပါတီကော်
မတီဝင် ဦးစောဝင်းမောင်၊ မကွေးခရိုင်ပါတီ ဥက္ကဌ ဦးထွန်းရှိန်၊ ခရိုင်ကော်မတီဝင် ဦးအောင်နိုင်၊ မကွေး၊ တောင်တွင်းကြီး၊ မင်းဘူးမြို့နယ်တို့မှ အခမ်းအနား
ကျင်းပရေး အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါလူငယ်နှီးနှောဖလှယ်ပွဲကို ယခုလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီအဖွဲ့ပါတီဝင်အသစ်ရရှိရေး သွားရောက် စည်းရုံး ဆောင်ရွက်
ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီဥက္ကဌ ဒေါ်ခင်မြင့်ဌေးနှင့် ပါတီကော်မတီဝင် များသည် ယနေ့ နံက် (၁၀း၃၀)တွင် လက်ခုပ်ပင်ကျေးရွာအုပ်စု ရေပူအင်း ကျေးရွာရှိ ပါတီဝင်အသစ်များနှင့် တွေ့ဆုံ၍ ကျေးရွာ ရှိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ မတည်ဆောက်လုပ်ပေးခဲ့သည့် ကိုယ်ထူကိုယ်ထ တွဲဘက် အမက ကျောင်းဆောင် အတွက် လိုအပ်ချက်များ တွေ့ဆုံ မေးမြန်း ညှိနှိုင်း ခဲ့ကြပါသည်။
ကျောက်မဲပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ ကျန်းမာရေးစောက်ရှောက်မှုပြုလုပ်
ကျောက်မဲမြို့ ( ၈ ) ရပ်ကွက် သန္တိသုခဓမ္မာရုံတွင်အောင်မင်္ဂလာကျန်းမာရေးစောင့်ရှောက်မှုပရဟိတအသင်း နှင့် ဇီဝိတလူမှုကူညီရေးအသင်းတို့ပူးပေါင်းဖွင့်လှစ်သည့် အခမဲ့ အထွေထွေရောဂါကုဆေးခန်း မှ ယနေ့ ၂၀၁၈ မေလ ၁၆ ရက်နေ့တွင် သံဃာတော်များအပါအဝင် လူနာပေါင်း ၂၁ ဦး ကိုအခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါသည် ။
လူငယ်ညီလာခံသို့ တက်ရောက်မည့် ၁ဝ မြို့နယ်မှလူငယ်ကိုယ်စားလှယ်များအားတွေ့ဆုံ
မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရွာဝင်လမ်းပြုပြင်ရန် ငွေလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှကြီးမှူးလျက် ညောင်ဝိုင်းကျေးရွာမှ ပါတီဝင် များ တွေ့ဆုံပွဲနှင့် ရွာအဝင်လမ်းအတွက် ငွေလှူ ဒါန်းပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မအူပင် မြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု ညောင်ဝိုင်း ကျေးရွာပါတီဝင် ဦးမြင့်ဌေး၏နေအိမ်တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။