တိုင်းပါတီကော်မတီဝင်မိသားစုက ရပ်ကွက်နေပြည်သူများအား ဗုဒ္ဓမြတ်စွာဘုရားရှင်ရုပ်ပွားတော်မြတ်များလှူဒါန်း

 

ရန်ကုန် မေ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် စည်းရုံးရေးနယ်မြေ အတွင်းရှိ အမှတ်(၁၃၈)ရပ်ကွက် တွင် ဒေသခံဗုဒ္ဓဘာသာဝင်ပြည် သူများအား ဗုဒ္ဓမြတ်စွာဘုရားရှင် ရုပ်ပွားတော်မြတ်များလှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက စစ်ပင် တောင်ရပ်ကွက်ရှိ ရွှေကြာပွင့်မြင့် မိုရ်ဘုန်းတော်ကြီးကျောင်း၌ မြို့ နယ်ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူ များနှင့်အတူ လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး လူငယ်ညီလာခံ(၂ဝ၁၈) ညစာစားပွဲသို့တက်ရောက်ချီးမြှင့်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ ညနေ ၆ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်ထောင်စုခန်းမကြီး၌ ကျင်းပသော လူငယ်ညီလာခံ(၂ဝ၁၈) ညစာစားပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ဦးစွာ ပါတီဥက္ကဋ္ဌဦးသန်းဌေးက အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် လူငယ် ကိုယ်စားလှယ်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင် ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ လူငယ်တာဝန်ခံများ၊ လူငယ်ညီလာခံကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော် စေတီတော်ရင်ပြင် သန့်ရှင်းရေး လုပ်အားပေးကုသိုလ်ယူ

 

လူငယ်ညီလာခံ(၂၀၁၈) သို့တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယနေ့ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညို ကြပြီး စေတီတော်ရင်ပြင် သန့်ရှင်းရေးလုပ်အားပေး ကုသိုလ်ယူခဲ့ကြသည်။


တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာ

 

၃၁.၅.၂၀၁၈

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ညီလာခံ(၂၀၁၈) သို့တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များ ယနေ့ မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက် လေ့လာကြသည်။


ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲများဝင်ရောက်ရန်ကိစ္စနှင့် ပတ်သက်၍ ရွေးကောက်ပွဲအကဲဖြတ်မစ်ရှင်(NAM)အဖွဲ့မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

 

နေပြည်တော်၊ မေ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ပါတီစုံအထွေထွေဒီမိုက်ရေစီရွေးကောက်ပွဲ ၀င်ရောက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲအကဲဖြတ်မစ်ရှင်(NAM)အဖွဲ့ တာဝန်ရှိသူများမှ လာရောက်တွေ့ဆုံရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့် ပါတီဗဟိုအတွင်းရေးမှူး ဦပိုက်ထွေးတို့မှ လက်ခံတွေ့ဆုံခဲ့သည်။

လူငယ်ညီလာခံကိုယ်စားလှယ်များ စုပေါင်း သွေးလှူဒါန်း

 

၃၁.၅.၂၀၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ(၂၀၁၈) ညီလာခံလူငယ် ကိုယ်စားလှယ်များ အမှတ်(၂) တပ်မတော် စစ်ဆေးရုံ ကုတင်(၁၀၀၀)နှင့် ပြည်သူ့ဆေးရုံ ကုတင်(၁၀၀၀)
နေပြည်တော်တွင် သွေးများလှူဒါန်း ခဲ့သည်။

 


ဆေးရုံ အတွက် စုပေါင်း အလှူငွေပေးအပ်လှူဒါန်း

 

၃၁ မေ ၂၀၁၈၊ နေပြည်တော်

ပြည်ခိုင်ဖြိုးပါတီ ဗဟိုလူငယ်ညီလာခံသို့ တက်ရောက်လာသော ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ စုပေါင်းပြီး နေပြည်တော် ကုတင်( ၁၀၀၀ ) ဆေးရုံကြီး ဘက်စုံအသုံပြုရန် အလှူ ငွေ ၉၉၀၀၀၀ ကျပ်ကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးမှ လက်ခံရယူခဲ့ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့ ကြောင်း သိရသည် ။

ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ လူငယ်ကိုယ်စားလှယ်များဆေးရုံဝင်း သန့်ရှင်းရေး ဆောင်ရွက်

 

၃၁.မေ ၂၀၁၈(နေပြည်တော်)

ပြည်ခိုင်ဖြိုး ဗဟိုလူငယ်ညီလာခံသို့ တက်ရောက်လာသောပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ လူငယ်ကိုယ်စားလှယ်များသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကုတင် ၁၀၀၀ အထွေထွေ ရောဂါကု ဆေးရုံးကြီးသို့ သွားရောက်ကြပြီး ဆေးရုံ ဝင်းအတွင်း ခြုံနွယ် များ နှင့် အမှိုက်သရိုက် များရှင်းလင်းခြင်း လုပ်ငန်းများ အား စုပေါင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည် ။

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်လှစ်

 

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း အမှတ်စဉ် ( ၁ ) သင်တန်းဖွင့်ပွဲကို ၃၀.၅.၂၀၁၈ ရက်နေ့၌ ကျင်းပခဲ့ပါသည်.။ အဆိုပါသင်တန်းဖွင့်ပွဲသို့ ဗဟိုပါတီကော်မတီဝင် ဦးသန်းဝင်း၊ တိုင်းအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ ခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

U ThanToe Aung