၂၀၁၈ ခုနှစ် မေလ (၂၁) ရက်နေ့ နေ့လည် (၁၃း၁၅) အချိန်တွင် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စုပေါင်းအဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟိုကော်မတီဝင်)၊ စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်အသစ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီ အရည်အချင်းမရှိဘူးလို့ ရေးသားပြောကြားမှုများကို လုံးဝငြင်းပယ်ကြောင်းနှင့် လူထုအား လမ်းပေါ်စွဲတင်တဲ့ အလုပ်မျိုး မလုပ်ကြောင်းကို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေးက တုန့်ပြန်ပြောကြား လိုက်ပါတယ်…
(၂၁.၅.၂၀၁၈) ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်မှာ ကျင်းပပြုလုပ်တဲ့ (ရန်ကုန်တောင်ပိုင်းခရိုင်) ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲမှာ ပါတီဥက္ကဋ္ဌကြီးက ယခုလို တုန့်ပြန်ပြောကြားလိုက်တာပါ..။ နိုင်ငံတော်မှာ အင်အားကြီးပါတီကြီး နှစ်ခု ရှိကြောင်း မှတ်ပုံတင်ထားတဲ့ပါတီပေါင်းက ၉၀ ကျော်ရှိကြောင်း ထိုအထဲမှာ မိမိတို့ပါတီ(ပြည်ခိုင်ဖြိုး) က အင်အားအများဆုံးလို့ ပြောလို့ရပါကြောင်း။ လွန်ခဲ့တဲ့ ၅ နှစ်ကလည်း နိုင်ငံတော်ကို အစိုးရအနေဖြင့် တာဝန်ယူခဲ့ တာ အားလုံးအသိဖြစ်ပါကြောင်း။
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး ကွမ်းခြံကုန်းမြို့ နယ် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်
ကွမ်းခြံကုန်း၊ မေ ၂၁
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦဝဏ္ဏမောင်လွင် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ လေ့လာရေးရောက်ရှိနေကြသော မန္တလေးခရိုင်အတွင်းရှိ (၇) မြို့နယ်မှ လူငယ်ခေါင်းဆာင်၊ ဒု-ခေါင်းဆောင်များအားတွေ့ဆုံ နှုတ်ခွန်းဆက်စကားပြောကြား
(၂၁.၅.၂၀၁၈) ရက်နေ့ နံနက်(၀၉း၀၀) နာရီအချိန်တွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် (မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ) ဦဝဏ္ဏမောင်လွင်သည် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ လေ့လာရေးရောက်ရှိနေကြသော မန္တလေးခရိုင်အတွင်းရှိ (၇) မြို့နယ်မှ လူငယ်ခေါင်းဆာင်၊ ဒု-ခေါင်းဆောင်များ (၁၀၀) ကျော်ခန့်အားတွေ့ဆုံပြီး နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါည်။
အဆိုပါအခမ်းအနားသို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်းနှင့်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ လူငယ်အဖွဲ့ဝင်များ စုစုပေါင်း(၁၀၀)ကျော်ခန့်တက်ရောက်ခဲ့ကြပါသည်။
မီးဘေးသင့် ကျွန်းတောဘုရားကြီးကျောင်းသန့်ရှင်းရေး ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်အားပေး
ကျောက်ကြီး၊ မေ ၂ဝ
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များ ခရိုင်မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံ
ဗန်းမော်၊ မေ ၂ဝ
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦစိုးသိန်းနှင့် ဗဟိုကော်မတီဝင် ဗဟိုပါတီ စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဦးတင်မြင့်လှိုင်တို့သည် ယခုလ ၁၈ ရက်မွန်းလွဲ ၁ နာရီက ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ဗန်းမော်ခရိုင်ရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူမြို့နယ်တို့မှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ခဲ့ကြသည်။
မင်္ဂလာတောင်ညွန့်တွင် အခြေခံကွန်ပျူတာသင်တန်း (၃/၂ဝ၁၈) နှင့် စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနား
ရန်ကုန်၊ မေ ၂ဝ
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်း (၃/၂ဝ၁၈) နှင့် စက်ချုပ်သင်တန်း (၂/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် စက်ဆန်းရပ်ကွက် သိဒ္ဓိအောင်ဓမ္မာရုံ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။
ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲ အခမ်းအနား
ဖါးဆောင်းမြို့၊ မေ ( ၁၉)
၁၉ – ၅ -၂၀၁၈ ရက်နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဆင်းပွဲအခမ်းအနားအား ဖါးဆောင်းမြို့နယ် မော်ချီးကျေးရွာအုပ်စု လိုခါးလိုကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးစောကိုဒီ နေအိမ် (ပြည်ခိုင်ဖြိုးရုံး) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပါတီဗဟိုအလုပ်အမှုဆောင်များ ဆိပ်ကမ်းနှင့် ထိစပ်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ
ရန်ကုန်၊ မေ ၂ဝ
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်း မြို့နယ် ပါတီရုံးတွင် ဆိပ်ကမ်းမြို့နယ်ပါတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ ပါတီအောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို တွေ့ဆုံညှိနှိုင်းခဲ့သည်။ အစီအစဉ်အရ ဆိပ်ကမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေမျိုးအောင်က ပါတီအောင်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို တင်ပြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပါတီ ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၁၈) အား ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ (၁) ၌ ဆက်လက်ကျင်းပသည်။