ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရမည်းသင်းမြို့နယ် ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ရမည်းသင်း၊ မေ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မ တီဝင်များသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကန်ဆွယ်အုပ်စု ကန်မြင့်ကျေးရွာတွင် ယနေ့ မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မုံရွာ၊ မေ – ၂၁

 စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ နှင့် ခရိုင်မီဒီယာတာဝန်ခံများ အစည်းအဝေးကို ယမန်နေ့နံနက် ( ၉ ) နာရီအချိန်က တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ လမ်းညွှန်ချက် များကို ပြန်လည်ရှင်းလင်းခဲ့ပါသည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူမှုကွန်ရက်ဖြင့် ပြည်သူ့အကျိုးပြုနည်းသင်တန်း ဖွင့်လှစ်

မြန်အောင်၊ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်ပါတီရုံးခန်းမ၌ လူမှုကွန်ရက်ဖြင့် ပြည်သူ့အကျိုးပြုနည်းသင်တန်းအား ယမန်နေ့နံနက် ၉ နာရီခွဲတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး လူငယ်တွေ့ဆုံပွဲ မကွေးတိုင်းပြည်ခိုင်ဖြိုးလူငယ်များ၏ ရင်တွင်း စကားသံများ

မမေဇင်သော်အောင်
မင်းတုန်းမြို့နယ် (ပြည်ခိုင်ဖြိုးလူငယ်)

ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များအားတွေ့ဆုံ

နေပြည်တော်၊ မေ ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က မြို့နယ်ကော် မတီဝင်များနှင့် အရန်ကော်မတီဝင်များအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့သည်။

လူငယ်​ညီလာခံအကြို လူငယ်​ပါတီဝင်​များ နှီး​နှောဖလှယ်​ပွဲ မ​ကွေးတိုင်း​ဒေသကြီးတွင်​ကျင်းပ

မေ၊ ၂၂

မ​ကွေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဝင်​လူငယ်​များ ​တွေ့ဆုံနှီး​နှောဖလှယ်​ပွဲကို တိုင်း​ဒေသကြီးပါတီအစည်း​အ​ဝေးခန်းမတွင်​ ယနေ့ (၂၂.၅.၂၀၁၈)တွင် ကျင်းပပြုလုပ်​ခဲ့သည်​။အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခဲ့ကြပြီး ပါတီဝင်​လူငယ်​များက ပြည်ခိုင်ဖြိုးလူငယ် သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။

တမူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အသစ်တင်ခြင်းနှင့် တွေ့ဆုံပွဲ

တမူးပြည်​ခိုင်​ဖြိုး၊ ( ၂၁ -၅ -၂၀၁၈ )

တမူးပြည်​ခိုင်​ဖြိုးပါတီ ခရိုင်​ဥက္ကဌ ဦးခင်​​မောင်​​ရွှေ၊ မြို့ နယ်​ပါတီဥက္ကဌ ဦးမြင့်​​အောင်​၊ အတွင်း​ရေးမှူး ဦး​ဇော်​မင်း၊ ​ကော်​မတီဝင်​ ဦး​လေးဝင်း၊ ​စော်​ဘွားရပ်​ကွက်​ ​ကော်​မတီဝင်​ ဦးနိုင်​သူဝင်းတို့သည်​ တမူးမြို့ နယ်​ ဝိတုတ်​​ကျေးရွာအုပ်​စု ပါတီဆို​င်းဘုတ်​အသစ်​တင်​ခြင်း​နှင့်​​တွေ့ ဆုံပွဲသို့  တက်​​ရောက်​အား​ပေးပါသည်​။

ပါတီဝင်များနှင့် မြို့နယ်ပြည်ခိုင်ဖြိုး တွေ့ဆုံပွဲကျင်းပ

မအူပင်၊ မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် မြို့နယ် ကော်မတီဝင်များသည် ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁ဝ နာရီက မအူပင်မြို့နယ် သောင်ဇား ကျေးရွာအုပ်စု နတ်စင်ကုန်းကျေးရွာမှ ပါတီဝင်ဦးတင်အေးနေအိမ်တွင် ကျင်းပခဲ့သည်။

ကွမ်းခြံကုန်းပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ

ကွမ်းခြံကုန်း၊ မေ ၂၁

ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံးတွင် ယမန်နေ့နံနက် ၈ နာရီက ယခုနှစ် ရန်ကုန်တောင်ပိုင်း ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုနှင့် ပထမဆုဖလားများ ရယူပေးခဲ့သော မြို့နယ်ဂုဏ်ဆောင်ပိုက်ကျော်ခြင်း (အမျိုးသား / အမျိုးသမီး) အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။