မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးနှင့်အလံသစ်တင်အခမ်းအနား
ယနေ့ (12.7.2018) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် နံနက် (10:30) နာရီတွင် ကျင်းပပြုလုပ်သော လစဉ်ပုံမှန်အစည်းဝေးနှင့်အလံသစ် တင်အခမ်းနားကို မန္တလေးဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူ၊ မြင်းခြံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကျော်တင်၊ နွားထိုးကြီးမြို့နယ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်ဖေနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများနှင့် ပါတီကော်မတီဝင် (၇၀) ဦး တက်ရောက်ခဲ့ပြီး မန္တလေးတိုင်းပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူမှ အဖွင့်အမှာစကားပြောကြားပြီး အလံသစ်ကို နေ့လည် (12:00) နာရီအချိန်တွင်အောင်မြင်စွာ လွှင့်ထူနိုင်ခဲ့ပါသည်။
တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အသက် (၉၀) နှစ်အထက် ဘိုးဘွားများအား ဂါဝရပြုကန်တော့ခြင်း
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း (ရှမ်း/ရှေ့အမျိုးသမီးရေးရာတာဝန်ခံ)နှင့် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီခရိုင်ကော်မတီ ဦးဟန်ဦး၊ ဦးခင်မောင်ထွန်း၊ ခရိုင်အမျိုးသမီးရေးရာကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း နှင့် မြို့နယ်ကော်မတီဝင်များ၊ အမျိုးသမီးအဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ (၁၁.၇. ၂၀၁၈) နေ့တွင် ဝမ်ကောင်းရပ်ကွက်နေ အဖွားဒေါ်တင်မြ (အသက်-၉၇) နှစ်၊အဖွားဒေါ်မာရီယာ(အသက်-၁၀၀)နှစ်နှင့် အဖွားဒေါ်ဖီနေး(အသက်-၉၃) နှစ် သို့အားလည်းကောင်း ၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာနေ အဖွားဒေါ်နန်းနော်(အသက်-၉၄)နှစ်၊ အဖွားဒေါ်ဥ(အသက်-၉၆)နှစ်သို့အားလည်းကောင်း၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ရွာနေအဖွားဒေါ်ဝမ်နား(အသက်-၉၄)နှစ်၊ အဘိုးဦးလုံးခမ်းပုံ (အသက်-၉၆)နှစ်နှင့် ဝပ်ကဲ၂ ကျေးရွာနေအဖွားဒေါ်အီဆွတ်(အသက်-၉၄)နှစ်တို့အားလည်းကောင်း နေအိမ်ရာအရောက်သွားရောက်ခဲ့ပြီး အသုံးအဆောင်ပစ္စည်း၊ မုန့်ပုံး၊ နို့အေးကဒ်များ အဖိုးအဖွားများ အား အလှူဒါနပြုလုပ်ရန် ငွေကြေးများ ပေးအပ်ကန်တော့ခဲ့ကြကြောင်း သိရှိရပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ခရိုင်မြို့နယ် ရပ်ကျေးပါတီဥက္ကဌများနှင့် တွေ့ဆုံ
တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစ်လပ်လျက်ရှိသော နေရာအချို့ အစားထိုးရွေးချယ်တာဝန်ပေးအပ်
11.7.2018 ရက်နေ့ နေ့လည် ၁းဝဝ နာရီတွင် တာမွေမြို့နယ် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဦးတင်အောင်l ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးစိန်မြင့်တို့ လာရောက်၍ ပါတီအောင်နိုင်ရေးအတွက် လိုအပ်သည်များမှာကြားခဲ့ရာ မြို့နယ်ဥက္ကဌ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် ကော်မတီဝင်များl လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်တို့ တက်ရောက်ခဲ့ကြပြီး လစ်လပ်လျှက်ရှိသော မြို့နယ်ကော်မတီဝင် အချို့နေရာတွင် အစားထိုးရွေးချယ်တာဝန်ပေးအပ်ခဲ့ပါသည်။
မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်နှင့်ပါတီအလံသစ်တင်ပွဲကျင်းပ
မအူပင် ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှင့်ပါတီအလံသစ် လွှင့်တင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မအူပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။
ပါတီအလံသစ်တင်ခြင်းအခမ်းအနား မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ
မြစ်သားမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မျက်နှာစာရှေ့တွင် ယနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်က ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ပြည်ခိုင်ဖြိုးပါတီအလံ သစ်ကို လွှင့်တင်ခြင်းအခမ်းအနား ကျင်းပသည်။
မောတောင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗလာစာအုပ်လှူဒါန်း
တနင်္သာရီမြို့နယ် မောတောင် မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးပါတီမှ ဗလာစာအုပ်များပေး အပ်လှူဒါန်းပွဲကို မောတောင်မြို့ အမှတ်(၉) မူလွန်ကျောင်းတွင် ပထမတန်းနှင့်ဒုတိယတန်းကျောင်း သားကျောင်းသူ ၈၆ ဦးတို့အား ယမန်နေ့ နံနက် ၁၁နာရီ ၁၅မိနစ် က ပေးအပ်လှူဒါန်းပွဲကျင်းပခဲ့ ကြောင်း သိရသည်။
ဟုမ္မလင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
ဟုမ္မလင်း ဇူလိုင် ၁၁
ကိုရီးယားသို့ဆေးကုသွားရန်ပျဉ်းမနားပြည်ခိုင်ဖြိုးပါတီကူညီပေး
ပျဉ်းမနား ဇူလိုင် ၁၁
ပျဉ်းမနားမြို့နယ်ရန်အောင်(၁) ရပ်ကွက်ဘိုကုန်းရပ်နေ ဒေါ်ဝင်း မာအောင်၏ နေအိမ်သို့ ယနေ့ နံနက် ၉ နာရီခွဲတွင် ပျဉ်းမနား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်Globel Hope လူမှုကူညီရေးအဖွဲ့မှ ကိုယ် စားလှယ်ဦးဘုန်းမြတ်(Mr. Lee, Jae Hee) တို့ ရောက်ရှိလာပြီး ဒေါ်ဝင်းမာအောင်၏သမီးဖြစ်သူ မသီရိစံ၏ ခြေထောက်တံကောက် ကွေးရှိ မီးလောင်ဒဏ်ရာများကို ကိုရီးယားနိုင်ငံတွင် သွားရောက် ခွဲစိတ်ဆေးကုသမှုခံယူရန်အတွက် လာရောက်တွေ့ဆုံခြင်းဖြစ်သည်။



