ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်

ကျုံပျော်၊ ဇူလိုင် ၁၅

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ယမန်နေ့နံနက်ပိုင်း၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်သို့ ရောက်ရှိပြီး ကျုံပျော်မြို့နယ် ပြည်လုံးပေါ်ဘုရားကြီး ကျောင်းတိုက်တွင် အရုဏ်ဆွမ်းကပ်ခြင်း၊ ဝါဆို သင်္ကန်းကပ်ခြင်းများဆောင်ရွက်ပြီး မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် အထောင်မြို့ပေါ် (၄) ရပ်ကွက် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်) တွင် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက နိုင်ငံရေးပါတီများ စုပေါင်းတွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ် များနှင့် စပ်လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးပါဝင်သော စုံစမ်းရေးကော်မတီ ဖွဲ့စည်းမည်ဟူသော သတင်းစကားများနှင့် ပတ်သက်၍သော်လည်းကောင်း၊ ပြည်ပထွက်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းနှစ်ခုနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးရန် ပြင်ဆင်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးက ၂ဝ၁၈ ခုနှစ် မေလ ၃၁ ရက်တွင် သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍သော်လည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဌများနှင့်မြို့နယ်ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေးနှင့် အလံသစ်တင်အခမ်းအနား

 

ယနေ့ (13.7.2018) နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် (9:00) နာရီအချိန်တွင် ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဌများနှင့် ငါန်းဇွန်မြို့နယ် မြို့နယ်ပါတီကော်မတီများ လစဉ်ပုံမှန်အစည်းဝေးနှင့် အလံသစ်တင်အခမ်းအနားကို မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ ငါန်းဇွန်မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုနှင့် မြို့နယ်အတွင်းရေးမှူး ဦးစိုးနိုင်တို့မှ အမှာစကားပြောကြားပြီး ပြည်ခိုင်ဖြိုးပါတီအလံသစ်ကို နံနက် ((9:30) တွင် အောင်မြင်စွာလွှင့်ထူနိုင်ခဲ့ပြီး အစည်းအဝေး ဆက်လက်ကျင်းပခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး မီဒီယာနှင့်.ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်ခန်းစာပို့ချ

 

၁၂-၇-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် နေပြည်တော်ရုံးတွင် ဖွင့်လှစ်လျက်ရှိသည့် “”နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း”” အမှတ်စဉ် (၅) သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ၊ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေးဌာနတာဝန်ခံ ဦးပိုက်ထွေးမှ မီဒီယာနှင့် ပြည်သူလူထုဆက်သွယ်ရေးနည်းစံနစ်များကို အကျယ်တဝင့်သင်ခန်းစာလာရောက်ပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။


ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမိသားစုမှ အလှူငွေများလှူဒါန်းပြီး ကမ်းပြိုပြောင်းရွှေ့မိသားစုများအား ပံ့ပိုးကူညီမှုများ ပေးအပ်

 

ရန်ကုန် ဇူလိုင် ၁၂

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမိသားစုမှ ယမန်နေ့နံနက်ပိုင်း တွင် မကွေးတိုင်းဒေသကြီး မင်း ဘူးခရိုင် ပွင့်ဖြူမြို့နယ်ရှိ မရိုးကုန်း ကျေးရွာ မရိုးကုန်းကျောင်းတိုက် ရှိ ဆရာတော်ဥူးနန္ဒိယထံ ရွာ ထောင်ဘုရားကြီးပြုပြင်ရန် အလှူ ငွေများ လှူဒါန်းခဲ့ပြီး ရေးဘေး သင့်ဒဏ်ကြောင့် ကမ်းပါးပြိုကာ ပြောင်းရွှေ့ရသော ပြည်သူများကို ခင်မင်ရင်းနှီးစွာ အားပေးကာ တစ်အိမ်ထောင်လျှင် ဘုရားတစ် ဆူစီနှင့် ထောက်ပံ့ငွေများ ၊ အဝတ် အထည်များနှင့် အစားအစာများ ကို သွားရောက်လှူဒါန်းခဲ့သည်။

ဂျပန်နိုင်ငံအနောက်ပိုင်းတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂျပန်နိုင်ငံသူ/နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများအတွက်- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ကပေးပို့သည့်စာနာဝမ်းနည်းကြောင်းသဝဏ်လွှာ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား လက်ခံတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား ၂၀၁၈ ခုနှစ်ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉နာရီခွဲအချိန်တွင် နေပြည်တော်ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာနိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်ခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

လွိုင်ကော်၊ ဇူလိုင် ၁၂

ယနေ့ ၁၂-၇-၂၀၁၈ ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်ခရိုင်ပြည်ခိုင်ဖြိုးပါတီတို့ လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် နှင့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း