ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်များမှ ပါတီဝင်များနှင့်တွေ့ဆုံ

 

မြောင်းမြခရိုင် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးနှင့်ပါတီရုံးခန်းမ ၌ကျင်းပသော အစည်း အဝေးတွင် ဗဟိုအတွင်း ရေးမှူးဦးသန်းထွန်း၊ တိုင်း ဒေသကြီး အတွင်းရေးမှူး ဦးဝင်းကိုကိုနှင့် မြောင်းမြ ခရိုင်၊လပွတ္တာခရိုင်အတွင်း ရှိ မြို့နယ်များ၏ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော် မတီဝင်များနှင့် ယနေ့ နံနက် ၉ နာရီတွင်တွေ့ဆုံ ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း မုံရွာမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲကျင်းပ

 

ဖရူဆို – ဇူလိုင် ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေး VOA သတင်းဌာနနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက်

 

ဒီကနေ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်လို့ နိုင်ငံခြားသားပုဂ္ဂိုလ်တွေ ရုံးတွေမှာ ခပ်တည်တည်နဲ့ ဝင်ထိုင်နေတာမျိုး… အစည်းအဝေးမှာ ထိပ်ကနေပြီး Briefing လုပ်နေတာမျိုး။

အဲဒီတုန်းက ဖဒိုကြီးတစ်ယောက်တောင် ဝင်မေးသွားတယ်။ ဆိုလိုတာကတော့ Sector အလိုက်တွေမှာ .. ဒါပေမယ့် ဘယ်လောက်ထိအောင် ပြင်းပြင်းထန်ထန်ပြောဆိုမှ အတိုက်အခံပီသတယ်လို့ သတ်မှတ်မှာလဲ?

ကျိုက်‌ထိုမြို့နယ်‌ ပြည်ခိုင်ဖြိုးပါတီမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ဆေးဖျန်းခြင်းဆောင်ရွက်

 

ကျိုက်ထို၊ ဇူလိုင် ၁၆

ကျိုက်‌ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မိုးရာသီကာလ ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ဇူ‌လိုင် (၁၆) ရက်နေ့တွင် ပျဉ်းကတိုးကုန်းကျေးရွာ ၊ ကျောက်တန်းလေးကျေးရွာ၊ အထက်ကမ်းနီကျေးရွာ ၊အောက်ကမ်းနီကျေးရွာများမှ စာသင်ကျောင်းများနှင့် ဘုန်း‌တော်ကြီး‌သင်ပညာရေးကျောင်းကို ခြင်‌‌ဆေးဖျန်းခြင်း‌လုပ်‌ငန်းများ ‌ဆောင်‌ရွက်‌ခဲ့ပါသည်‌။


မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပြည်ခိုင်ဖြိုးပါတီ ခရိုင်ရုံးအစည်းအဝေး၌ ဇူလိုင် (၁၆) ရက် (၂၀၁၈) ရက်နေ့ နံနက် (၁၁) နာရီ ပါတီလုပ်ငန်များ ဆွေးနွေးဆောင်ရွက်ကြပါသည်။
ယင်းအစည်းအဝေးသို့  မုံရွာခရိုင်ဥက္ကဌနှင့် ခရိုင်ကော်မတီများ၊ ခရိုင်တွင်းရှိ ချောင်းဦမြို့နယ်၊ မုံရွာမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ် ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ပါတီကော်မတီရုံးတွင် ဇူလိုင် ၁၅ ရက် နံနက် ၁ဝ နာရီက မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် မြို့နယ်ပါတီကော်မတီ ဝင်များသည် ဓမ္မိကရာမကျောင်းတိုက် ဆရာတော် ဦးအဂ္ဂနှင့်သံဃာတော်များ အားဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဘုန်းကျော်(အလုံ)


ချောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ သင်တန်းဖွင့်လှစ်ရေးတွေ့ဆုံဆွေးနွေး

 

မကွေး ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံ ရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့် လှစ်နိုင်ရေးအတွက်တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ချောက်ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံးတွင် ကျင်းပခဲ့ သည်။