ပဲခူး သြဂုတ် ၂
ပဲခူး သြဂုတ် ၂
မိတ္ထီလာ သြဂုတ် ၂
၂ – ၈-၂၀၁၈ ရက်နေ့တွင် မိုင်းယာင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအောင်ခမ်းနှင့်အတူ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းခမ်းလူး၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆေး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ လိုက်ပါလျက် မုန်းလိုက်ကျေးရွာအုပ်စု၊ ဝမ်စလီလော်ကျေးရွာ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းသို့ သွားရောက်၍ေ ကျာင်းသား/သူ (၄၃) ဦးအား ဗလာစာအုပ်နှင့်ခဲတံများသွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
ထို့နောက် ဟောင်ကြန့်ကျေးရွာအုပ်စု၊ တာပေါက်ကျေးရွာသို့ ဆက်လက်ထွက်ခွါပြီး ကျေးရွာအမျိုးသမီးများနှင့်တွေ့ဆုံကာ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆေးက အမျိုးသမီးရေးရာလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။၎င်းနောက် ကျေးရွာမူလတန်းကျောင်းတွင် ကျောင်းသား/သူ (၂၈) ဦးအတွက် လာစာအုပ်နှင့်ခဲတံများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
၁.၈.၂၀၁၈ ရက်နေ့ ရှမ်းမြောက် မိုးမိတ်မြို့နယ် ပါတီဥက္ကဌ. ဒေါ်နန်းခင်မြင့်ဌေးနှင့် မြို့နယ်ပါတီကော်မတီဝင် (၁၂) ဦး အဖွဲ့သည် နေ့လည် (၁) နာရီတွင် သစ်ဆိမ့်ကုန်းအုပ်စု အောင်မြေလီဆူးကျေးရွာ (အ.မ.က) ကျောင်းသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာပါတီဥက္ကဌတို့နှင့် တွေ့ဆုံ၍ ကျေးရွာအတွက် လိုအပ်ချက်များ မေးမြန်းဆွေးနွေးခဲ့ကြပြီး ကျောင်းသား/သူ (၆၆)ဦးတို့အား ကျောင်းသုံးဗလာစာအုပ်များ ခဲတံများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မ များနှင့်လည်း တွေ့ဆုံ၍ ကျောင်းအတွက် လိုအပ်ချက်များ မေးမြန်းခဲ့ကြပြီး စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြပါသည်။
မအူပင် သြဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် ပါတီဝင်များနှင့်တွေ့ဆုံ ခြင်း၊ ပါတီဝင်အသစ်များဝင်ရောက် သဖြင့် ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ခြင်း စသည့်လုပ်ငန်းများ ကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၃ဝ ရက်နှင့် ယမန်နေ့တို့တွင် မအူပင်မြို့ပေါ်ရှိ (၆)ရပ်ကွက်နှင့်(၁)ရပ်ကွက်တို့၌ ပါတီဝင်များနှင့်တွေ့ဆုံပွဲများ ကျင်းပ ခဲ့ကြောင်း သိရသည်။
2-8-2018 ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိသားစု ဝါဆိုသင်္ကန်းကပ်လှူ ပွဲ တိုင်း ခရိုင် မြို့နယ်မှ ပါတီဥက္ကဋ္ဌ အတွင်းရေးမှူး ဘဏ္ဍာရေးမှူး နှင့်ကော်မတီဝင်များ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များစုံညီစွာ တက်ရောက်ခဲ့ပါသည်။
မေး။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ဝ ရက်နေ့ တုန်းက နိုင်ငံတော်သမ္မတရုံးက နေပြီးတော့ လွတ်လပ်သောစုံစမ်းစစ်ဆေး ရေး ကော်မရှင်ဖွဲ့စည်းခြင်းနဲ့ ပတ်သက် ပြီး အဘရဲ့သဘောထားကို သိချင်ပါ တယ်။
ဖြေ။ ဒီဇူလိုင်လ၃ဝရက်နေ့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန် ချက် ၈/၂ဝ၁၈ နဲ့ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်ကို ဖွဲ့ထားတာကို ကြားလိုက်ပါတယ်။
ရန်ကုန် သြဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် သုံးခွမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်း၌ လပတ်အစည်းအဝေး၊ ပါတီ ၏ လုပ်ငန်းစဉ်များ၊ ရှေ့ဆက် ဆောင်ရွက်ရမည့်ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စု၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် တက်ရောက်လာကြသည့် ရပ် ကွက်၊ ကျေးရွာပါတီ ဥက္ကဋ္ဌများက တင်ပြမှု၊ ဆွေးနွေး ညှိနှိုင်းမှုများ ကျင်းပခဲ့ကြကြောင်း သိရသည်။
ဘီးလင်း၊ သြဂုတ် – ၁
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော် မတီဝင်များ၏လပတ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်ပါတီ ရုံးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော် ကအမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ဌာန ချုပ်၌ကျင်းပခဲ့သော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြ သင်တန်းအမှတ်စဉ်(၅) တက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း အတွေ့အကြုံများရှင်းလင်း ပြောကြားခဲ့သည်။