
ရန်ကုန်၊ သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့၏ အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၄/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကူးတို့ဆိပ်ရပ်ကွက် ခေမာသီဝံကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ က ခေမာသီဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမသာရ (ဓမ္မာစရိယ) အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။








