ပဲခူး သြဂုတ် ၆
ပဲခူးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း က ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူး ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည် ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။











