
ရန်ကုန်၊ သြဂုတ် ၇

ရန်ကုန်၊ သြဂုတ် ၇

ကံမ၊ သြဂုတ် ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည့် ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ဦးစွာတက် ရောက်ခဲ့သည်။
ကံမ၊ သြဂုတ်၊ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးပိုက်ထွေးသည် ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးဟန်မောင် တို့နှင့်အတူ ယနေ့ ၀၉:၃၀ နာရီအချိန်တွင် သရက်ခရိုင်၊ကံမမြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်သော ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ တက်ရောက်အားပေးခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည် ။
ဖါးဆောင်းမြို့ – သြဂုတ် ၇
ယနေ့ (၇-၈-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီ မှ( ၁၁း၄၀)နာရီအချိန်အထိ ကယားပြည်နယ် ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ဖါးဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်ရမည့် လုင်ငန်းများအတွက်အသေးစိတ် ဆွေးနွေးကြပါသည်။
သီပေါ သြဂုတ် ၆.
ရှမ်း/မြောက် ကျောက်မဲခရိုင် သီပေါမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် အခမ်းအနားနှင့် ၀ါဆိုသင်္ကန်း ကပ်အလှူ တော်မင်္ဂလာ အခမ်းအနားကို ၆.၈.၂၀၁၈ နေ့ နံနက် ၀၈း၅၅ အချိန်တွင် စတင်ကျင်းပရာ ရှေးဦးစွာ မြို့နယ်ပါတီဆိုင်းဘုတ်ကို မြို့နယ်ဥက္ကဌ ဦးဆောင်သောမြို့နယ်ကော်မတီများနှင့် ရပ်ကျေးပါတီအဖွဲ့ဝင်များ လူငယ်အဖွဲ့များ စုပေါင်းသယ်ဆောင်၍ သတ်မှတ်နေရာ၌ တပ်ဆင်ပေးခဲ့ကြပါသည်။
ဖြိုးစေတနာရှင် လူမှုကူညီရေးအသင်းမှ သြဂုတ်လ ၆ ရက်နေ့တွင်မြို့နယ်ပါတီဥက္ကဌဦးအောင် ဖြိုးစေတနာရှင် အသင်းဥက္ကဌ ဦးကျော်လှိုင်နှင့်အသင်းသူ အသင်းသားများမှ ပန်းတိမ်မြောက်ရပ်ကွက်မှ မီးဖွားသူ မခင်မျိုးသူ နှင့် ဈေးရပ်ကွက်မှ ခွဲစိတ်ဆောင်တွင် ဆေးရုံတက်ရောက်နေသူဦးရွှေဝင်းတို့အား ထောက်ပံ့ငွေ ၁၀၀၀၀ိ/စီ ပေးအပ်ခဲ့ပါသည်။
ယမန်နေ့ မနက်ပိုင်းက ဖြိုးစေတနာရှင်လူမှု့ကူညီရေးအသင်းမှ ၂၆ . ၇ .၂၀၁၈ရက်နေ့တွင်ကွယ်လွန်သွားခဲ့သည့် စံလောင်းကျေးရွာ ရပ်ကျေးစည်းမှူးဦးရဲမြင့်၏မိခင်ဖြစ်သူအတွက်ထောက်ပံ့ငွေ ၁၀၀၀၀ိ /အားပေးအပ်ခဲ့ပါသည်။
၆.၈.၂၀၁၈ ရက်နေ့ ပြည်နယ်အတွင်းရေးမှူးနှင့်ပြည်နယ်ကော်မတီဝင်များ မယ်စဲ့မြို့နယ်ကော်မတီများ၊ မယ်စဲ့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းဝေးခန်းမတွင် ညနေ(3:00မှ 6:00)ထိ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပခဲ့သည်၊၊
Nang Sheng Phway Hom
မန္တလေး သြဂုတ် ၆
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် ၇၄ လမ်း အမြန်လမ်းမကြီး အနောက်ဘက် မဟာသုန္ဒရာရာမကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော သံဃာတော် အရှင်သူမြတ်တို့အား ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယခုလ ၄ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင် တက်ရောက် ပူဇော်လှူဒါန်းခဲ့သည်။
ရန်ကုန် သြဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ရန်ကင်းမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှဦးစီး၍ (၈)ကြိမ် မြောက်ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးတွင် ကျင်းပသည်။
မိုးကောင်း သြဂုတ် ၆
မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီက ကြီးမှူး၍ သင်တန်း ကာလ ငါးရက်ကြာဖွင့်လှစ်ခဲ့သည့် အမျိုးသမီးအိမ်တွင်းမှုလက်မှု ပညာသင်တန်းအမှတ်စဉ်(၁/၂ဝ၁၈)ဆင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲ က မြို့နယ်ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ပါတီကော်မတီဝင် မြို့နယ်ပါတီအမျိုး သမီးရေးရာကော်မတီ တွဲဖက်တာဝန်ခံ ဒေါ်လီလီဆွေတို့က အမှာ စကားများပြောကြားကြသည်။