၁၅.၇.၂၀၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အရှေ့ရပ်ကွက် ဦးလှထွန်းတင် နေအိမ်တွင် ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရပ်ကွက်ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးခရိုင် နယ်မြေတာဝန်ခံ တိုင်းကော်မတီ ဦးမျိုးမြင့်၊ တိုင်းကော်မတီဦးကျော်စန်း၊ ခရိုင်ကော်မတီများ၊ အောင်မြေသာစံမြို့နယ် ယာယီဥက္ကဌ ဦးဆွေချစ်စိုး (ဘဏ္ဍာရေးမှူး) နှင့် မြို့နယ်ကော်မတီများ၊ ရပ်ကွက်ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ တက်ရောက်၍ ရပ်ကွက်ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့ပါသည်။
မုံရွာခရိုင် / မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကူးလ် ကျောင်းသား/သူများကို အာဟာရဒါနကုသိုလ်ကောင်းမှုပြု
မုံရွာမြို့နယ် ဘုဘကျေးရွာအုပ်စုရှိ နဂါးရုံဘုရားကြီးကျောင်းတိုက်၌ ဖွင့်လှစ်လျက်ရှိသော ဓမ္မစကူးလ် ဆရာ/ ဆရာမ ၊ ကျောင်သား/သူတို့ကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက် (၁၀း၃၀) အချိန်တွင် အာဟာရကုသိုလ်ပြုခဲ့ကြ သည်။ အာဟာရဒါနကုသိုလ်ကောင်းမှုပွဲသို့ မုံရွာခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် များ တက်ရောက်ကြပါသည်။
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲ
ဘောလခဲ၊ ဇူလိုင် ၁၅
ယနေ့ (၁၅-၇ -၂၀၁၈) ရက်နေ့ နံနက် (၁၀း၄၅) နာရီအချိန် ကယားပြည်နယ် ဘောလခဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံကာ ပါတီလုပ်ငန်းကိစ္စရပ်များ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းများ အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။
ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကျင်းပ
ဘောလခဲ၊ ဇူလိုင် ၁၅
ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နေပြည်တော် တွင် မကြာမီက ကျင်းပပြီးစီးခဲ့သော လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ယမန်နေ့ နံနက်၁၀ နာရီအချိန် ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသူများက နိုင်ငံတော်အလံအားအလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သီဆို၍ အခမ်းအနား စတင် ဖွင့်လှစ်ပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့် ဇေယျာသီရိ မြို့နယ် ကောက်စိုက်လုံမေများကို တွေ့ဆုံအားပေး
နေပြည်တော်၊ ဇူလိုင် ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်နှင့်အဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေပါတီအတွင်းရေးမှူး ဦးဌေးဝင်း၊ ဇေယျာသီရိမြို့နယ် ပါတီယာယီဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် မြို့နယ်၊ ရပ်/ကျေးကော်မတီဝင်များ၊ အမှတ် (၃ဝ၃) ခြေမြန်တပ်ရင်း၊ တာဝန်ခံ ဗိုလ်ကြီးထင်လင်းအောင်တို့နှင့်အတူ တပ်ပိုင်လယ်မြေတွင် မိုးစပါးစိုက်ပျိုးနေသည့် တပ်ရင်းမိသားစု ကောက်စိုက်လုံမေများအား တွေ့ဆုံပြီး တောင်သူလယ်သမားဂျာနယ်နှင့် တောင်သူ လယ်သမားပညာပေးစာစောင်များ၊ ပြည်ထောင်စုနေ့စဉ်သတင်းစာများ၊ ရှေ့ဆောင်ဂျာနယ်၊ ဘူးလက်ဂျာနယ်များ၊ စားသောက်ဖွယ်ရာ အာဟာရမုန့်များ ပေးအပ်လှူဒါန်းခဲ့ရာ မုံရွာမြို့ သန်းကုဋေအောင်ကုမ္ပဏီမှလည်း သောက်ရေသန့်ဘူးများ ပါဝင်လှူဒါန်းခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး {ငြိမ်း} ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၏ အမရပူရမြို့နယ် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲပြောကြားချက်မှ ကောက်နှုတ်ချက်
– ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေသခံပြည်သူများ၏ လိုအပ်ချက်ကို တင်ပြဖြည့်ဆည်းပေးနိုင်ရေးတွက် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်သွားမည်။
– ရွေးကောက်ပွဲကော်မရှင်၏ မှန်ကန်စွာ ဆောင်ရွက်နိုင်မှု /မနိုင်မှု၊ သမာသမတ်ကျမှု/မကျမှုတွေကိုလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရင်း လေ့လာဆန်းစစ်သွားမည်။
– ဒီမိုကရေစီဆိုတာ နိုင်တဲ့သူက အနိုင်စီးစတမ်းဆိုတဲ့ ကျင့်စဉ် မဟုတ်ပါ။ အနည်းစုဆန္ဒကို အလေးမထားရင် ဒီမိုကရေစီကို အနိုင်ကျင့်ရာ ရောက်မည်။
ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်
ကျုံပျော်၊ ဇူလိုင် ၁၅
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ယမန်နေ့နံနက်ပိုင်း၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်သို့ ရောက်ရှိပြီး ကျုံပျော်မြို့နယ် ပြည်လုံးပေါ်ဘုရားကြီး ကျောင်းတိုက်တွင် အရုဏ်ဆွမ်းကပ်ခြင်း၊ ဝါဆို သင်္ကန်းကပ်ခြင်းများဆောင်ရွက်ပြီး မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် အထောင်မြို့ပေါ် (၄) ရပ်ကွက် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်) တွင် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက နိုင်ငံရေးပါတီများ စုပေါင်းတွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ် များနှင့် စပ်လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးပါဝင်သော စုံစမ်းရေးကော်မတီ ဖွဲ့စည်းမည်ဟူသော သတင်းစကားများနှင့် ပတ်သက်၍သော်လည်းကောင်း၊ ပြည်ပထွက်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းနှစ်ခုနှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးရန် ပြင်ဆင်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် အတိုင်ပင်ခံရုံးက ၂ဝ၁၈ ခုနှစ် မေလ ၃၁ ရက်တွင် သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍သော်လည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဌများနှင့်မြို့နယ်ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေးနှင့် အလံသစ်တင်အခမ်းအနား
ယနေ့ (13.7.2018) နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် (9:00) နာရီအချိန်တွင် ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဌများနှင့် ငါန်းဇွန်မြို့နယ် မြို့နယ်ပါတီကော်မတီများ လစဉ်ပုံမှန်အစည်းဝေးနှင့် အလံသစ်တင်အခမ်းအနားကို မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ ငါန်းဇွန်မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုနှင့် မြို့နယ်အတွင်းရေးမှူး ဦးစိုးနိုင်တို့မှ အမှာစကားပြောကြားပြီး ပြည်ခိုင်ဖြိုးပါတီအလံသစ်ကို နံနက် ((9:30) တွင် အောင်မြင်စွာလွှင့်ထူနိုင်ခဲ့ပြီး အစည်းအဝေး ဆက်လက်ကျင်းပခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီ မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး မီဒီယာနှင့်.ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်ခန်းစာပို့ချ
၁၂-၇-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် နေပြည်တော်ရုံးတွင် ဖွင့်လှစ်လျက်ရှိသည့် “”နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း”” အမှတ်စဉ် (၅) သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ၊ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေးဌာနတာဝန်ခံ ဦးပိုက်ထွေးမှ မီဒီယာနှင့် ပြည်သူလူထုဆက်သွယ်ရေးနည်းစံနစ်များကို အကျယ်တဝင့်သင်ခန်းစာလာရောက်ပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။