ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးမြို့ပေါ် လေးမြို့နယ် ရပ်ကွက်ပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ တက်ရောက်အားပေး

 

မန္တလေး ဇူလိုင် ၂၄

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁ နာရီက တိုင်း ဒေသကြီး ပါတီရုံးခန်းမ၌ ကျင်းပ သော မန္တလေးမြို့ပေါ်လေး မြို့နယ် ရပ်ကွက်ပါတီဥက္ကဋ္ဌများ တာဝန် ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ သည်။
အဆိုပါအခမ်းအနားအား နိုင်ငံ တော်အလံကိုအလေးပြု၍ နိုင်ငံ တော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ် ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးတာဝန်ခံဦးဝဏ္ဏမောင်လွင် က အဖွင့်အမှာစကားပြောကြားခဲ့ ပြီးနောက်

ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ပုသိမ်ကြီးမြို့နယ် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး အမေရိကန်သံရုံးမှCounselor Mr. William Flens အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇူလိုင် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးသည် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး Political and Economic Affairs Counselor Mr.William Flens အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(နေပြည်တော်)ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေနှင့်လာမည့် ရွေးကောက်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်အတူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ နိုင်ငံတကာရေးရာကော်မတီဌာနမှူး ဦးမြင့်ကိုကို တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးPolitical and Economic Affairs Counselor Mr.William Flens နှင့်အတူ အဖွဲ့ဝင်တစ်ဦး တက်ရောက်ကြောင်း သိရသည်။

၂၀၁၇ -၂၀၁၈ ခုနှစ် ပညာသင်​နှစ်​ တက္ကသိုလ်​ဝင်စာ​မေးပွဲတွင်​ ထူးချွန်​စွာ​ အောင်​မြင်သော ​ကျောင်းသား​ကျောင်းသူနှင့် ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား

 

ယနေ့ (18-7-2018)(0930) အချိန် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြည်ည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ -၂၀၁၈ ခုနှစ် ပညာသင်​နှစ်​ တက္ကသိုလ်​ဝင်တမ်းစာ​မေးပွဲတွင်​ ထူးချွန်​စွာ​ အောင်​မြင်​​ခဲ့ကြသည့် ​ကျောင်းသား​ကျောင်းသူ (၃၂) ဦးနှင့်​ အနှစ်နာခံ ကြိုးစားအားထုတ် ကြိုးပမ်းသင်ကြားပေးခဲ့သည့် အထက်တန်းပြ ဆရာ/ဆရာမ (၁၈) ဦး တို့ကို ဂုဏ်​ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်းနှင့် အခမ်းအနားသို့ ကော်မတီဝင်များ စည်းရုံးရေးမှူးများ ကျောင်းသားမိဘနှင့်ဆရာ/မများ စုစုပေါင်းအင်အား (90)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ဇေယျာသီရိပြည်ခိုင်ဖြိုးပါတီ တက်ရောက်ကူညီစိုက်ပျိုးပေးခဲ့

 

ဇူုလိုင် ၊ ၁၈

ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု ကျည်တောင်ခေါမရွာတွင် (၁၈.၇. ၂၀၁၈) ရက်နေ့ နံနက်ပိုင်းက ကျေးရွာ အ.ထ.က (၁၆) စာသင်ကျောင်းက ဦးစီးပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရာသို့  မြို့နယ်ပြည်ခိုင်ဖြိုးပါတီ
ဥက္ကဌ ဦးနိုင်ဦး ခေါင်းဆောင်သော ပါတီဝင်အဖွဲ့ များ သီဟသွေးလူငယ်များနှင့်ရပ်ကျေးအဖွဲ့  စုစုပေါင်း အင်အား(၅၀)ဦးဖြင့် ကျွန်းပင် (၁၂၀၀) စိုက်ပျိုးပွဲအား
တက်ရောက်ကူညီစိုက်ပျိုးပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

 

17-7-2018

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ဇူလိုင် (၁၇) ရက်နေ့ (၁၁း၀၀) အချိန်တွင် လပတ်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်အရန်ပါတီကော်မတီဝင် ဦးသံဒိုင်မှ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဦးမိုးမြင့်မှ ရပ်/ကျေးပါတီဥက္ကဌများအနေဖြင့် မိမိကျေးရွာများတွင် တစ်ထောင့်တနေရာမှ လူထုအကျိုးကို အကောင်းဆုံးကူညီဆောင်ရွက်ကြရန်နှင့် အာဇာနည်နေ့အခမ်းအနားသို့ ချီတက်အလေးပြုရန်အတွက် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး ရပ်/ကျေးပါတီဥက္ကဌများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ပြည်နယ်အရန်ပါတီကော်မတီဝင်/ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးပါတီဥက္ကဌများ အပါအဝင် စုစုပေါင်းအင်အား (၅၅) ဦးတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၁:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။

ရှမ်းပြည်​နယ်​( အရှေ့ပိုင်း) တာချီလိတ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီဥက္ကဌနှင့်​​တွေ့ဆုံပွဲအခမ်းအနားကျင်းပ

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊ တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီရုံးတွင်​ ယနေ့ (၁၈.၇. ၂၀၁၈) ရက်​​နေ့ နံနက်​ပိုင်းတွင်​​ ရှမ်းပြည်​နယ်​ပါတီဥက္ကဌ ဦးစိုင်းသန်းဝင်းနှင့်ေ​တွ့ဆုံပွဲအခမ်းအနား ကျင်းပရာ အခမ်းအနားသို့ ပြည်​နယ်​အတွင်း​ရေးမှူးနှင့် ပြည်​နယ်​​ကော်​မတီဝင်​များ၊ ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌနှင့် မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ တက်​​ရောက်​ခဲ့ကြပြီး မြို့နယ်​ဥက္ကဌဦးစိုင်း​ရွှေထွန်းမှ လုပ်ငန်းအစီရင်ခံစာအား ဖတ်ကြားရှင်းလင်းတင်​ပြခဲ့ပြီး ပါတီဥက္ကဌမှ လမ်းညွှန်​အမှာစကား ​ပြောကြားခဲ့​ကြောင်း သိရှိရပါသည်​။

ဗဟိုကော်မတီဝင် ဦးထွေးလှ တောင်ကုတ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ စလူကျေးရွာသို့ သွားရောက်ပြီး အဝတ်အထည်များနှင့် ဆိုလာမီးများ ပေးအပ်

 

တောင်ကုတ်၊ ဇူလိုင် ၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့ ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကျင်းပ

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း) မိုင်းဖြတ်​မြို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံး၌ အစည်းအ​ဝေးပြုလုပ်​ရာ (၁၇.၇.၂၀၁၈) ရက်​​နေ့ ​နေ့လည်​ (၂း၀၀) နာရီအချိန်​တွင်​ ရှမ်းပြည်​နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း ​ရောက်​ရှိလာပြီး သြဝါဒမိန့်​ခွန်းစကား​ပြောကြားပြီး မိုင်း​ယောင်းမြို့နယ်​အတွင်း​ရေးမှူး ဦးစိုင်းခမ်းလူးမှ လည်းကောင်း၊ မြို့နယ်​၏​ဆောင်​ရွက်​ချက်​များကို ရှင်းလင်းတင်​ပြပြီး၊ မိုင်းဖြတ်​မြို့နယ်​ဥက္ကဋ္ဌ ဦးစိုင်းရီတစ်​မှလည်းကောင်း၊ မြို့နယ်​၏​ဆောင်​ရွက်​ထားရှိမှုကို ရှင်းလင်းတင်​ပြပြီး ခရိုင်​ဥက္ကဋ္ဌ ဦးညွန်​ဝင်းမှ ခရိုင်​၏​ဆောင်​ရွက်​ထားရှိမှုကို ရှင်းလင်းတင်​ပြပြီး၊ တက်​​ရောက်​လာ​သော ပါတီ​ကော်​မတီဝင်​များမှ ​ဆွေး​နွေးတင်​ပြကြပြီး၊ ရှမ်းပြည်​နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့​ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းမှ နိဂုံးချုပ်​စကား​ပြောကြားပြီး အစည်းအ​ဝေးကို ည​နေ (၄း၁၅) အချိန်​တွင်​ ပြီးဆုံး​ကြောင်း သိရှိရပါသည်​။