ဘီးလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆက်ကပ်လှူဒါန်း
ဘီးလင်း၊ ဇူလိုင်-၂၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမဆောင်၌ ယနေ့နံနက် ၁၀ နာရီတွင် ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
အဆိုပါ ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ ဘီးလင်းမြို့တပ်ဦးကျောင်းတိုက် ဆရာတော်အရှင်ဝိမလ အမှူးပြုသောဆရာတော်အရှင်သူမြတ်(၅)ပါး ကြွရောက်ချီးမြှင့်ခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်နယ်ပာတီကော်မတီဝင် ဒေါက်တာခင်မောင်သွင်၊ မြို့နယ်ဥက္ကဋ္ဌဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးကျော်ဇေယျာမင်း၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေ့ဦးစွာ နမောတဿသုံးကြိမ်ရွက်ဆိုပြီးဆရာတော်သံဃာတော်များအား ရှိခိုးကန်တော့ကာ တပ်ဦးကျောင်းတိုက်ဆရာတော် အရှင်ဝိမလ ထံမှာ ငါးပါးသီလခံယူကြပြီး ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်နှင့်လှူဖွယ်ဝတ္တူများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
YOUTH DAY လူငယ် လှုပ်ရှားမှု ဆောင်ရွက်
တံတားဦး , ဇူလိုင် -၂၅
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနား သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဇူလိုင် ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ် အချိန်တွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ် သင်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်သည့် နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
ဧရာဝတီတိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မအူပင်သင်တန်းဖွင့်ပွဲတက်ရောက်
မအူပင် ဇူလိုင် ၂၅
ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံ ရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီ၌ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးမျိုးဆက်အားမာန်ခန်းမတွင်ကျင်းပ ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်ဧရာဝတီတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးÓဏ်လင်းနှင့် တိုင်းပါတီကော်မတီဝင်များ တက် ရောက်ခဲ့ကြောင်း သိရသည်။
ရေဘေးရှောင်အိမ်ထောင်စုများအတွက် သထုံပြည်ခိုင်ဖြိုးပါတီမှ စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း
မွန်ပြည်နယ် သထုံမြို့နယ် ဈေးမသွယ်ထက်ကျေးရွာရှိ အိမ်ထောင်စု(၃၀)ကျော်မှ ရေတိုး၍ရေများလာမှုကြောင့် ရေလွတ်ရာနေရာများသို့ ပြောင်းရွေ့နေထိုင်ရာ ဇူလိုင် ၂၅ရက်နေ့တွင် သထုံခရိုင်နှင့် သထုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီတို့ စုပေါင်းကာ ရေဘေးရှောင်ပြည်သူများအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား သွားလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သွေးလွန်တုပ်ကွေးကာကွယ်ရေးဆောင်ရွက်
ရန်ကုန် ဇူလိုင် ၂၅
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီသည် ရပ်ကွက်နှင့် ကျေး ရွာများမှ ပါတီဝင်များနှင့်အတူ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန် နေ့ မွန်းလွဲ ၂ နာရီက အမှတ် (၁၃)ရပ်ကွက်အတွင်းရှိ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ အား သွေးလွန်တုပ်ကွေးကာကွယ် ရေး ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
တမူးပြည်ခိုင်ဖြိုးပါတီမှ စာသင်ဆောင်အမိုးအတွက် ငွေလှူ
တမူးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေနှင့် မြို့နယ် ဥက္ကဋ္ဌ ဦးမြင့်အောင်တို့သည် ဇူလိုင် ၂၃ ရက်က ထန်းတပင်ကျေးရွာ ၌ ကိုယ်ထူကိုယ်ထစာသင်ဆောင်အတွက် အမိုးမိုးရန် သွပ်ပြားဖိုး ငွေကျပ် ၁၅ဝဝဝဝ ကို သွားရောက်လှူဒါန်းစဉ်။
ကိုကိုရွှေ
ဗဟန်းပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇူလိုင် ၂၄ နံနက်ပိုင်းက ပါတီဝင်မိသားစုများစုပေါင်း၍ ဆရာတော် ဦးဝဏ္ဏတ၊ ရတနာ ဓမ္မာရုံတိုက်ကျောင်းဆရာတော် ဦးဆောင်သည့်သံဃာတော်များ အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြစဉ်။
BHN
ဒီကနေ့ပြည်ခိုင်ဖြိုးပါတီဟာ ပြည်သူလူထုရဲ့အားကိုးအားထားပြုရမယ့်ပါတီဖြစ်တယ်ဆိုတာ ကျွန်မတို့ နားလည်လက်ခံယုံကြည်လာပြီဖြစ်ပါတယ်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များတွင် ဇူလိုင် ၂၅ ရက်က ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲများကျင်းပခဲ့ရာ ပါတီသို့ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ဝမ်းတွင်းမြို့နယ် ဘုရားဖြူကျေးရွာအုပ်စု ရွာရှည်ကျေးရွာမှ မောင်စည်သူအောင်နှင့် သာစည်မြို့နယ် ကုက္ကိုကန်ကျေးရွာအုပ်စု ထနောင်းကုန်း(တ)ကျေးရွာမှ မအေးအေးအောင်တို့၏ ရင်တွင်းစကားများကို ဖော်ပြအပ်ပါသည်။
မေး – ပြည်ခိုင်ဖြိုးပါတီကို ဝင်ရောက် ခြင်းနဲ့ပတ်သက်ပြီး ရှင်းပြပါ။