မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်ပွဲများကျင်းပ
မလှိုင် သြဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီးမလှိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဆိုင်းဘုတ် သစ်တင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မလှိုင်မြို့နယ် ကံကြီးကျေးရွာ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်တင်ပွဲအခမ်း အနားသို့ မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးစိုးသိန်း ဦးဆောင် သော မြို့နယ်ပါတီကော်မတီဝင် များနှင့် ကံကြီးကျေးရွာ ရပ်/ ကျေးပါတီဝင်အင်အား ၅ဝကျော် တက်ရောက်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ မင်္ဂလာအချိန်တွင် စိုက်ထူပေးခဲ့သည်။
တိုင်းဒေသကြီးပါတီကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ခရိုင်မြို့နယ် ကော်မတီဝင်များနှင့်တွေ့ဆုံ
မအူပင် သြဂုတ် ၁၉
သဘာဝဘေးအန္တရာယ်များတွင် အချိန်နှင့်တစ်ပြေးညီ လူငယ်များ ပါဝင်ကူညီရေး မြောင်းမြတွင် တွေ့ဆုံဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီးမြောင်း မြခရိုင် မြောင်းမြမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက်ပိုင်းတွင် မြောင်းမြမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့်အတူ လူငယ်အဖွဲ့ဝင်များသည် မြို့မနှင့် မြို့ဝန်းကျင်ရှိ သဇင်းကုန်းကြီးနှင့် မုဆိုးကွင်း၊ အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊၁ဝ၊ ကံကော်မြိုင်၊ မြရတနာ၊ မြစန္ဒာရပ်ကွက်များရှိ ရပ်/ကျေးပါတီကော်မတီဝင်များ၊ လူငယ်တာဝန်ခံများအား သွားရောက်တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေ၊ ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များတွင် လူငယ်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပါဝင်ကူညီရေးတွေ့ဆုံဆွေးနွေးခဲ့သည်။
မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာတွေ့ဆုံပွဲ ကျင်းပ
မော်လမြိုင်မြို့နယ်၊ အမျိုးသမီးတွေ့ဆုံပွဲကို နံနက် ၁၀ နာရီခန့်တွင် မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပရာ ဗဟိုကော်မတီဝင် ဒေါက်တာတိုးတိုးအောင်မှ တက်ရောက်အမှာစကားပြောကြားပြီး ပြည်နယ်အမျိုးသမီးရေးရာတာတာဝန်ခံ ဒေါ်မေသူဝင်းမှ အမျိုးသမီးရေးရာဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ဥမ္မာဌေးမှ အမျိုးသမီးတို့ဘဝမြှင့်တင်နိုင်ရန် ဆွေးနွေးပြီး မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နှင်းလွှာနုမှ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး တက်ရာက်လာကြသော ရပ်ကွက်အသီးသီးမှ အမျိုးသမီးများမှလည်း မိမိတို့၏အတွေ့အကြုံ၊ လုပ်ဆောင်ချက်များကိုလည်း ရှင်းလင်းတင်ပြခဲ့ပါသည်။
ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မေသူဝင်းမှ တင်ပြချက်များကို ရှင်းလင်းပြောကြားပြီး ပါတီဗဟိုကော်မတီဝင် ဒေါက်တာတိုးတိုးအောင်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို နေ့လည် ၁၂ နာရီခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းအတွင်းရေးမှူး မိုးကုတ်မြို့နယ် ပါတီလုပ်ငန်းအစည်းအဝေး တက်ရောက်ဆွေးနွေး
မိုးကုတ်၊ သြဂုတ် ၁၉
ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့်အဖွဲ့သည် ယမနနေ့နံနက် ၉ နာရီတွင် မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
တိုင်းအတွင်းရေးမှူး ဦးအောင်ကျော်မိုးက တိုင်းဒေသကြီးအတွင်း ပါတီ၏ ဆောင်ရွက်ချက်များ ဆွေးနွေးပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ဆွေးနွေးခဲ့သည်။ တိုင်းဒေသကြီးပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးတင့်လွင်ဦးနှင့် ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်တို့က ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများအား အကျယ်တဝင့် ရှင်းပြခဲ့သည်။
အစည်းအဝေးသို့ စုစုပေါင်း ၅ဝ တက်ရောက်ပြီး တက်ရောက် လာကြသော နာယကများ၊ ရပ်/ကျေးဥက္ကဋ္ဌများ၊ မြို့နယ်ကော်မတီ ဝင်များက ပြန်လည်ဆွေးနွေးကြပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးကြောင်းသိရသည်။
ဘားအံမြို့နယ်ရှိ ရေဘေးသင့်ကျေးရွာများသို့ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ထောက်ပံ့လှူဒါန်း
ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်တာဝန်ခံပြည်နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဦးစောမြဝင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသည့် ဘုရားသုံးဆူမြို့နယ်တာဝန်ခံဦးခိုင်ဝင်းနှင့် ဦးဝင်းတင်၊ လူငယ်ရေးရာကော်မတီဝင် ဦးခင်မောင်ဝင်း၊ အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်မိုးသူခိုင် နှင့် ဒေါ်အေးငြိမ်း၊ ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဝင်မိသားစုများမှ ပြည်နယ်ပါတီရုံးနှင့် ပူးပေါင်းကာ ဘားအံမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ သွားရောက်ပြီး ဆန် ၅၂တင်း၊ မားမား ၂၄၄ဖာ၊ ရေသန့် ၃၄၄တွဲ၊အဝတ်အထည်၁၇ထုပ် ကာလတန်ဖိုးငွေကျပ် စုစုပေါင်း ၅၆ သိန်းဖိုးအားသွားရောက် လှူဒါန်းကြစဉ်။
ကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနား ပါတီဗဟိုအလုပ်အမှုဆောင် တက်ရောက်အားပေး
မန္တလေးတိုင်းဒေသကြီးမြင်းခြံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မွန်းလွဲပိုင်းတွင် မြင်းခြံမြို့နယ် ခြေ ဆေးကျေးရွာတွင် ပါတီဆိုင်းဘုတ် စိုက်ထူပွဲ အခမ်းအနားကို ပြုလုပ် ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခြေ ဆေးကျေးရွာဒေသခံ ၂ဝဝခန့်တက် ရောက်၍ စုပေါင်းစိုက်ထူခဲ့ကြ ပြီး ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းမောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။ ယင်းနောက် တိုင်းဒေသ ကြီး ပါတီကော်မတီဝင် ဦးမြတ်သူ ကပါတီလုပ်ငန်းစဉ်များကို တက် ရောက်လာကြသူများအားရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်
ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ် ၂၈၄ ဦး ဝင်ရောက်
ကျုံပျော် သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ မြို့ပေါ်ရပ်ကွက်များဖြစ်သော တေဇရပ်ကွက်နှင့် ပင်လုံရပ်ကွက်တို့မှ ပြည်သူများက ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျုံပျော်မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်ကျောင်းသားများကို အာဟာရဒါနပြုလှူဒါန်း
မကွေး သြဂုတ် ၁၉
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကန်ပြားကျေးရွာ ပေါက်အိုဓမ္မရိပ်သာကျောင်းတိုက်ရှိ ဓမ္မစကူးလ်သင်တန်း ကျောင်းသားကျောင်း သူများကို ယနေ့နေ့လယ်က အာဟာရဒါနလှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါအာဟာရဒါနလှူဒါန်းပွဲသို့ ခရိုင်ပါတီကော်မတီဝင် ဦးအောင်နိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်၊ မြို့နယ်ကော်မတီဝင် ဦးတိုင်းကျော်၊ ဦးတင်ဌေး အောင်၊ ဦးထွန်းအောင်ကျော်၊ ဒေါ်ခင်မင်းသိန်း၊ ရုံးအဖွဲ့များဖြင့်သွားရောက်၍ ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။
