မယ်စဲ့ပြည်ခိုင်ဖြိုးပါတီမှ လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

 

၆.၈.၂၀၁၈ ရက်နေ့ ပြည်နယ်အတွင်းရေးမှူးနှင့်ပြည်နယ်ကော်မတီဝင်များ မယ်စဲ့မြို့နယ်ကော်မတီများ၊ မယ်စဲ့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းဝေးခန်းမတွင် ညနေ(3:00မှ 6:00)ထိ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပခဲ့သည်၊၊

Nang Sheng Phway Hom


ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်တက်ရောက်

 

မန္တလေး သြဂုတ် ၆

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် ၇၄ လမ်း အမြန်လမ်းမကြီး အနောက်ဘက် မဟာသုန္ဒရာရာမကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော သံဃာတော် အရှင်သူမြတ်တို့အား ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယခုလ ၄ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင် တက်ရောက် ပူဇော်လှူဒါန်းခဲ့သည်။

ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်ဦးသာဝင်း တက်ရောက်ဆက်ကပ်

 

ရန်ကုန် သြဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ရန်ကင်းမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှဦးစီး၍ (၈)ကြိမ် မြောက်ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးတွင် ကျင်းပသည်။

မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအိမ်တွင်းမှုလက်မှုပညာ သင်တန်းဆင်းပွဲကျင်းပ

 

မိုးကောင်း သြဂုတ် ၆

မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီက ကြီးမှူး၍ သင်တန်း ကာလ ငါးရက်ကြာဖွင့်လှစ်ခဲ့သည့် အမျိုးသမီးအိမ်တွင်းမှုလက်မှု ပညာသင်တန်းအမှတ်စဉ်(၁/၂ဝ၁၈)ဆင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲ က မြို့နယ်ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ပါတီကော်မတီဝင် မြို့နယ်ပါတီအမျိုး သမီးရေးရာကော်မတီ တွဲဖက်တာဝန်ခံ ဒေါ်လီလီဆွေတို့က အမှာ စကားများပြောကြားကြသည်။

ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးနှင့်ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့်တွေ့ဆုံ

 

ပဲခူး သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း က ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူး ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည် ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။

ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၆ ရက် နံနက်ပိုင်း က ဝိုင်းမော်မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)


ရေကြီးမှုကြောင့် ရေတွင်းများရှိ ရေညစ်များအား စုပ်ထုတ်ရာ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကူညီဆောင်ရွက်

ဘီးလင်း၊ သြဂုတ်

မွန်​ပြည်​နယ်​၊ ဘီးလင်းမြို့နယ်​အတွင်းရှိ ရေကြီးမှုများကြောင့် ရေတွင်းများအတွင်း ရေညစ်များ ဝင်ရောက်မှုကြောင့် ရေတွင်းများရှိရေများ စုပ်ထုပ်ရာ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီဝင်များနှင့်အတူ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းတို့ ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း သိရသည်။

ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ

ဖားကန့်၊ သြဂုတ် ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ်ရွေးချယ် တင်မြှောက်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပရာ သဘာပတိ ပြည်နယ်ပါတီကော်မတီဝင် ဦးမြအုန်းက အမှာစကားပြောကြားပြီး ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းသိန်းထွန်းက ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်

နတ်မောက်၊ သြဂုတ် ၅

မြတ်စွာဘုရားရှင်သည် သားသမင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့ရှောင်ကြဉ်ရန်၊ ဝဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး လိုက်နာကျင့်ကြံရန် မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ခေါ် မဂ္ဂင်ရှစ်ပါး သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော ဓမ္မစက္ကပဝတ္တနသုတ္တန် (ဓမ္မစကြာ) တရားကို ဟောကြားတော်မူခဲ့ သည်။

ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ 5.8.2018

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌနှင့် ဇေယျာသီရိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ပါတီဝင်များ တွေ့ဆုံပွဲအခမ်းအနားအား ယနေ့ ၅.၈.၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။