ရေစကြို ၊ သြဂုတ်၊ ၁၉
ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်၊ရေစကြိုမြို့နယ် သာစည်အုပ်စုကျေးရွာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးမကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ဘဏ္ဍာရေးမှူး
ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင်များ ၊ပခုက္ကူခရိုင်ပါတီဥက္ကဌဦးသိန်းထွန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင်နှင့်ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးသိန်းလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်အသစ် ၃၇၅ ဦး အပါအဝင်စုစုပေါင်းအင်အား ၇၀၀ ကျော်တက်ရောက်ခဲ့ကြပါသည် ။