ကနီ သြဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာ ပင်ခရိုင် ကနီမြို့နယ်ပါတီရုံးတွင် ယနေ့ နံနက် ၁ဝနာရီခွဲက ပါတီ နာယကများ၊ ဥက္ကဋ္ဌ၊ အတွင်းရေး မှူး၊ ကော်မတီဝင်များနှင့် ဦးစီး ရုံးအဖွဲ့ဝင်များတွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
ကနီ သြဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာ ပင်ခရိုင် ကနီမြို့နယ်ပါတီရုံးတွင် ယနေ့ နံနက် ၁ဝနာရီခွဲက ပါတီ နာယကများ၊ ဥက္ကဋ္ဌ၊ အတွင်းရေး မှူး၊ ကော်မတီဝင်များနှင့် ဦးစီး ရုံးအဖွဲ့ဝင်များတွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
သြဂုတ်လ – ၃၀ ရက်
ဆွာတမံကျိုး၍ ရေလွှမ်းမိုးမှုခံရသော တောင်ငူမြို့နယ် သဖန်းပင်ကျေးရွာ နှင့် ရပ်ကွက် (၈) အတွင်း ကျန်ရှိနေသူများအား တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်များနှင့် သွားရောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ၊ တောင်ငူမြို့ အ – ထ – က (၆) ရေဘေးကယ်ဆယ်ရေးစခန်းသို့ တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ထမင်းထုပ် (၄၀၀) အား သွားရောက်လှူဒါန်းခဲ့ပါသည်။
… mkk
မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် ခရိုင်းအတွင်းရှိ မြို့နယ်ပါတီဥက္ကများ ခရိုင်ရုံးခန်းမ၌ ၂၉.၈.၂၀၁၈ နေ့ (၁၂း၀၀) နာရီအချိန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ခရိုင်ဥက္ကဌ ဦးအောင်တိုးမှ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ရေး၊ အမျိုးသမီးရေးရာညီလာခံ တက်ရောက်နိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိကြရန်၊ နယ်မြေကွင်းဆင်းဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားကြရန်၊ လွှတ်တော်ကိုယ်စားလှယ်စာရင်းများ အချိန်မှီပေးပို့ရန်၊ တိုင်းပါတီလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။
လင်း ခေတ်သွေး’ Photo
ရန်ကုန် သြဂုတ် ၂၉
၂ဝ၁၈ ခုနှစ် ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲ ကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေး မြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစုများက ဆွမ်းလောင်း လှူပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မြို့နယ်ပြည် ခိုင်ဖြိုးပါတီရုံးရှေ့၌ ကျင်းပခဲ့သည်။
တမူး သြဂုတ် ၂၉
တမူးပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့က တမူးခရိုင် ခမ်းပါတ် မြို့ အမှတ်(၅)တွင် ခမ်းပါတ်နယ်မြေစုရှိ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ၊ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များ၊ ပါတီရုံးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြည်ညိုကြ ကြောင်း သိရသည်။
ကိုကိုရွှေ(တမူး)
မင်းဘူး(စကု) သြဂုတ် ၂၉
တမူး သြဂုတ်၂၉
တမူးပြည်ခိုင်ဖြိုးပါတီမှတာဝန်ရှိသူများသည် နိုဝင်ဘာ ၃ရက် တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ကော်မတီအသီးသီး ၏ လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များကို ယမန်နေ့ မွန်းလွဲပိုင်းက အဖွဲ့လေးဖွဲ့ခွဲ၍ ခမ်းပါတ်-၁၊ ခမ်းပါတ်-၂၊ ကနန်၊ ကမ္မကြီး၊ ထင်းဇင်နှင့် မလူကျေးရွာတို့တွင် ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
ကိုကိုရွှေ(တမူး)
တောင်ငူ သြဂုတ် ၂၉
ယနေ့နံနက်ပိုင်းက ဆွာချောင်း တမံ ကျိုးပေါက်မှုကြောင့် ရေလွှမ်း မိုးခံရသောကျေးရွာများသို့ ပြည် ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးလှသိန်းနှင့် ပါတီဌာနချုပ်မှ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးနိုင်ရန် သွားရောက်ကြည့်ရှု ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန် သြဂုတ် ၂၉
ရန်ကုန်တောင်ပိုင်းခရိုင် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦးနှင့် တောင်ပိုင်းခရိုင်ကော်မတီဝင်ဦးဝင်း ထွန်းနိုင်(ခ)ဦးရွှေဘော်တို့က ယနေ့ မွန်းတည့် ၁၂နာရီက ကော့မှူး မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမ၌ ပါတီဝင်များနှင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြ သည်။
တနင်္သာရီ သြဂုတ် ၂၉
တနင်္သာရီမြို့နယ် မောတောင် မြို့ တိုက်နယ်ဆေးရုံ အတွင်းအပြင် ပတ်ဝန်းကျင်၌ ထူထပ်စွာပေါက် ရောက်နေသာသစ်ပင်ချုံနွယ်များ အား မောတောင်မြို့ ပြည်ခိုင် ဖြိုးပါတီလူငယ်များစုပေါင်းကာ ခုတ်ထွင်ရှင်းလင်းသန့်ရှင်းရေးပြု လုပ်ဆောင်ရွက်ခြင်းကိုယနေ့နံနက် ၈နာရီကစတင်၍ စုပေါင်းခုတ်ထွင် သန့်ရှင်းရေးပြုလုပ်ခြင်းဖြင့်ပြည်သူ့ အကျိုးပြုလုပ်ငန်းများဆောင်ရွက် ခဲ့ကြောင်း သိရသည်။