ပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့်ဦးခင်မောင်စိုးတိုင်းခရိုင်မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ၍ပါတီစည်းကမ်းများရှင်းလင်းပြောကြား။

 

ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းတာဝန်ခံပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးတို့မှရန်ကုန်တိုင်းပါတီကော်မတီအတွင်းရေးမှုးနှင့်ကော်မတီဝင်များခရိုင်နှင့်မြို့နယ်ဥက္ကဌအတွင်းရေးမှုးများပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို
သြဂုတ်လ(၁၀)ရက်နေ့လည်
(၂:၃၀)နာရီကရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်ကျင်းပကြောင်းသိရှိရသည်။
အစီအစဉ်အရရန်ကုန်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးမှအမှာစကားပြောကြားရာတွင်ယနေ့တက်ရောက်လာသည့်ပါတီဥက္ကဌနှင့်အတွင်းရေးမှုးများကော်မတီဝင်များသည်ပါတီ၏အဓိကကျသည့်ခေါင်းဆောင်များဖြစ်ကြောင်းသင်တန်းမျိုးစုံတက်ရောက်ခဲ့ကြပြီးအရည်အသွေးပြည့်စုံသူများဖြစ်ကြောင်းပါတီတွင်သက်တမ်းကြာမြင့်စွာတာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်၍ပါတီလုပ်ငန်းများကိုကျွမ်းကျင်ပိုင်နိုင်သူများဖြစ်သော်လည်းပြောင်းလဲနေသည့်ခေတ်စနစ်နှင့်အညီပုံသဏ္ဍာန်ပြောင်းလဲကြဖို့လိုကြောင်းလုပ်ငန်းစဉ်များလည်းမတူတော့ကြောင်းပုံသဏ္ဍာန်ပြောင်းကြဖို့တိုက်တွန်းလိုကြောင်းပြောကြားသည်။
ဆက်လက်၍ရန်ကုန်တိုင်းပါတီတာဝန်ခံပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်ရီမှအမှာစကားပြောကြားရာတွင်နိုင်ငံရေးသမားဆိုသည်မှာနိုင်ငံ့အရေးကိစ္စများကိုကိုယ့်စားရိတ်ကိုယ်စားပြီးဝါသနာအရလုပ်ကိုင်နေသူများဖြစ်ကြောင်းနိုင်ငံ့အရေးကိစ္စများကိုကိုယ့်စရိတ်ကိုယ်စားပြီးဝါသနာအရလုပ်ကိုင်နေသူများစုပေါင်းထားသည့်အဖွဲ့အစည်းကိုနိုင်ငံရေးပါတီဟုခေါ်ကြောင်းပါတီနိုင်ငံရေးနှင့်အမျိုးသားနိုင်ငံရေးလုပ်ကိုင်နေသူများသည်မျိုးချစ်စိတ်ဓာတ်အခြေခံရှိဖို့လိုအပ်ကြောင်းပါတီခေါင်းဆောင်ကောင်းတယောက်ဖြစ်ရန်အတွက်စည်းကမ်းကောင်းမွန်ဖို့လိုအပ်ကြောင်းထို့ကြောင့်ပါတီဝင်များသည်ပါတီစည်းကမ်းကိုလိုက်နာကြဖို့လိုအပ်ကြောင်းပါတီစည်းကမ်းကိုလိုက်နာသည့်ပါတီဝင်များကိုပြည်သူများကလေးစားအတုယူကြမှာဖြစ်ကြောင်းပြောကြားပြီးပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ၏လုပ်ထုံးလုပ်နည်းများလုင်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ဖွဲ့စည်းပုံနှင့်တာဝန်ဝတ္တရားများကိုရှင်းလင်းဆွေးနွေးပြီး
အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ထိန်ဝင်း(YGN)


ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံ ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှုပ်ရှားမှုများ ဆောင်ရွက်

 

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကို ကြိုဆိုသောအားဖြင့် ကဏ္ဍများအလိုက်လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိရာ (10.8.2018)ရက်နေ့ နံနက်(၇:၀၀) အချိန်တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်မှ ဦးဆောင်၍ တောင်သူလယ်သမား ရေးရာ ၊ လူငယ်ရေးရာ ၊ အမျိုးသမီးရေးရာ တာဝန်ခံများ နှင့် ကော်မတီဝင် ၊ အရန်ကော်မတီဝင်များ စုပေါင်း၍ ကျုံပျော်မြို့နယ် မြို့အဝင် ရှိ တောင်သူလယ်သမား ဦးလှဝင်း၏ လယ်ယာစိုက်ခင်းတွင် သမန်းပြန်လည်နှိုးစွ ပေးခြင်း၊ ပေါင်းပင်မြက်ပင်များ ရှင်းလင်းပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​အတွင်း​ရေးမှူး ပါတီဝင်​များထံကွင်းဆင်း​တွေ့ဆုံခြင်း

 

ရန်​ကုန်​ သြဂုတ်​ ၁၀

ရန်​ကုန်​တိုင်း​ဒေသကြီး ၊ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ အ​ရှေ့ပိုင်းခရိုင်​ အတွင်း​ရေးမှူး ​ဒေါ်ဇာခြည်​လင်းသည်​ ယ​နေ့နံနက်​ ၁၀ နာရီ အချိန်​တွင်​ ဒဂုံမြို့သစ်​ ​မြောက်​ပိုင်းမြို့နယ်​ အမှတ်​(၄၃) ရပ်​ကွက်​ရှိ ပါတီဝင်​များထံသို့ ကွင်းဆင်း​တွေ့ဆုံခဲ့ပါသည်​။
ယ​နေ့နိုင်​ငံ​ရေးအခင်းအကျင်းနှင့်​ပက်​သက်​၍ ပါတီဝင်​များနှင့်​ ရင်းနှီးပွင့်​လင်းစွာ ​ဆွေး​နွေးခဲ့ကြပြီး အသက်​(၈၂) ရှိ အငြိမ်းစားပညာ​ရေးမှူးကြီး ဦး​အေး​မောင်​အား ဝင်​​ရောက်​ဂါရဝပြုခဲ့ပါသည်​။ ဆရာကြီးဦး​အေး​မောင်​သည်​ ဗိုလ်​ချုပ်​ ​အောင်​ဆန်း၏အကိုကြီး ဦး​နေ​အောင်​နှင့်​​ကျောင်း​နေဖက်​သူငယ်​ချင်းဖြစ်​ခဲ့ပြီး ဗိုလ်​ချုပ်​​အောင်​ဆန်းလက်​ထက်​ နိုင်​ငံ​ရေး အ​ခြေအ​နေနှင့်​ ယ​နေ့​ခေတ်​နိုင်​ငံ​ရေးအ​ခြေအ​နေများအား သုံးသပ်​​ပြောကြားခဲ့ပြီး လူငယ်​များ နိုင်​ငံ့အ​ရေးကို စိတ်​ဝင်​စားကြ​စေချင်​​ကြောင်း ​ပြောကြားခဲ့​ကြောင်း သိရှိရပါသည်​။

ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး တမူးခရိုင် / မြို့နယ် ကော်မတီဝင်၊ အရံကော်မတီဝင်၊ ရပ်ကျေးပါတီဥက္ကဌများ ၊ ရပ်မိရပ်ဖများ နှင့်တွေ့ဆုံ

 

သြဂုတ်-၁၀| တမူး

ဒီကနေ့ (၁၀-၈-၂၀၁၈)ရက်နေ့ မနက်ပိုင်းအချိန်တွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် တမူးမြို့နယ်ပါတီရုံး၌ ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ| အရံကော်မတီဝင်များ|ရပ်ကျေးပါတီဥက္ကဌများ| ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုအလေးပြု၍ ဖွင့်လှစ်ခဲ့ကာ တိုင်းတာဝန်ခံမှ အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက အမှာစကားပြောကြားပြီး |တမူးခရိုင် ပါတီဥက္ကဌ ဦးခင်မောင်ရွှေမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်တွင် တတ်ရောက်လာသောပ်ါတီဝင်များမှ တင်ပြဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲအခမ်းအနားကို ပါတီဝင် စုစုပေါင်း (၁၀၀)ဦး တတ်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလု

 

(၁၀-၈-၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီ အချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ကော်မတီ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပါသည်။
အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရေးမှူး၊ ဘဏ္ဍာရးမှူး၊ ပြည်နယ်ကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ ခရိုင် (၆) ခရိုင်မှ ဥက္ကဌများ၊ လားရှိုးခရိုင်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး၊ လားရှိုးမြို့နယ်ဥက္ကဌ၊ လူငယ်တာဝန်ခံ၊ အမျိုးသမီးရေးရာတာဝန်ခံ၊ မီဒီယာတာဝန်ခံ၊ စုစုပေါင်း (၂၃) ဦး တက်ရောက်ကြပါသည်။၊

ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူ ဒါန်းပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပျဉ်းမနားမြို့နယ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းပွဲကို ၉.၈.၂၀၁၈ နံနက် ၉း၀၀ နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဌ ဦးဝေလွင်နှင့် ဇနီးဒေါ်ဆွေဆွေဦး၊ ပြည်ထောင်စုနယ်မြေနှင့် နေပြည်တော် ခရိုင်ပါတီတို့မှ ကော်မတီဝင်များ၊ ပျဉ်းမနားမြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးပါတီများမှ ပါတီတာဝန်ရှိသူများ စုစုပေါင်း အင်အား(၁၀၀) ကျော်နှင့် ဖိတ်ကြားထားသည့်ဌာနဆိုင်ရာ ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ပါတီဝင်များ၏သားသမီးများအား ထူးချွန်ဆုချီးမြှင့်

 

ဖျာပုံ သြဂုတ် ၉

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

လွိုင်ကော် – သြဂုတ် ၉

ယနေ့ ၉-၈-၂၀၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီမှ နေ့လည် (၁း၀၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန်လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီနာယက ဒေါ်စုလေးဖြူ၊ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးမော်ရယ်၊ ဦးဌေးရယ်၊ ဦးရဲဝင်း၊ ဦးအောင်နိုင်ဦး၊ ဦးကျော်သင်း၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်နန်းယဉ်သီတာထွေးနှင့် ဒေါ်ဒေါရစ်လေးတို့ တက်ရောက်ကြောင်း သတင်းရှိရသည်။

ဘီးလင်းမြို့နယ်​ရှိ ​ရေ​ဘေးသင့်ပြည်​သူများနှင့် စာသင်​​ကျောင်းများအား စာ​ရေးကိရိယာများနှင့် ဆန်​အိတ်​များ လှူဒါန်း

 

ဘီးလင်း၊ သြဂုတ် ၉

သင်္ဃန်းကျွန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ရန်ကုန် သြဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမိသားစုများမှ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမဆောင်၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။