အင်းတော်၊ သြဂုတ်၊ ၂၆
ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး|ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ရွာသာယာကျေးရွာ၊ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီကော်မတီဝင်များ၊ ကသာခရိုင်ပါတီဥက္ကဌ ဦးထွန်းအောင်ဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊
မြို့နယ်ပါတီဥက္ကဌဒေါ်သူသူဇင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်များ၊ ပါတီဝင်အသစ်များ၊ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၇၀၀ ဦးတက်ရောက်ခဲ့ကြပါသည်။