လွိုင်ကော် – သြဂုတ် ၃၀
လွိုင်ကော် – သြဂုတ် ၃၀
မိုးကောင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံ ခန့်ခွဲမှုဆင့်ပွားသင်တန်းအမှတ် စဉ်(၁/၂ဝဝ၈)ဖွင့်ပွဲကို သြဂုတ် ၂၉ ရက် နံနက် ၈ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားစဉ်။
ဝင်းအောင်(မိုးကောင်း)
မိုးမိတ် သြဂုတ် ၃ဝ
မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်ဥက္ကဋ္ဌနှင့်မြို့နယ် ကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၅ဝ ခန့်သည် ယနေ့တွင် မိုးမိတ်ခရိုင် မိုးမိတ်မြို့ သာသနာ့ဓမ္မဗိမာန်တော်ကြီး ကွန်ကရစ်ကျောက်ထုတ်လောင်းခြင်းတွင် ပါဝင်လုပ်အားပေးကုသိုလ် ယူခဲ့ကြသည်။
လွိုင်ကော် – သြဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကလေး ခရိုင် ကလေးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ရပ်ကျေးကော်မတီဝင်များ အား ယနေ့နှင့် ယခုလ၃၁ရက်ထိ နှစ်ရက်တိုင်တိုင်ပြည်သူ့ဆက်ဆံရေး (၁/၂ဝ၁၈)ကို သင်တန်းသား ၆ဝ ဖြင့်ဖွင့်လှစ်ရာသင်တန်းသို့စစ်ကိုင်း တိုင်းဒေသကြီးတိုင်းပါတီကော် မတီဝင်ကလေးခရိုင်တာဝန်ခံဦးခင် မောင်သန်းက တက်ရောက်အမှာ စကားပြောကြားပြီးကလေးမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။ သင်တန်းကို နံနက် ၈ နာရီခွဲတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ် ချက်မှာ ပါတီဝင်များအနေဖြင့် ဆိုရှယ်မီဒီယာအသုံးပြုရာတွင် စနစ်တကျ ထိထိရောက်ရောက် အသုံးပြုနိုင်ရန်ရည်ရွယ်ကြောင်း ကလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးတင် လှိုင်ကပြောသည်။ သင်တန်းကို ယခုလ ၃၁ရက်အထိ ဖွင့်လှစ်မည် ဟု သိရသည်။
ချောက် သြဂုတ် ၃ဝ
မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၏ကျေးရွာပါတီဝင်များနှင့် စကား လက်ဆုံတွေ့ဆုံပွဲကို အိုင်းမကျေး ရွာဦးကြင်ရွှေနေအိမ်၌ ယမန်နေ့ က ပြုလုပ်ကြောင်းသိရသည်။
မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်း အောင်နှင့် ကော်မတီဝင်များ သြဂုတ် ၃ဝ ရက် မွန်းလွဲ ၂ နာရီက ကျန်းမာရေးချို့ယွင်းနေသည့် ကညင်မြိုင်ကျေးရွာအုပ်စုပါတီကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်အား ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ငွေများသွားရောက်ပေးအပ်စဉ်။
ဝင်းအောင်(မိုးကောင်း)
မအူပင် သြဂုတ် ၃ဝ
ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့်ရပ်/ကျေးပါတီဝင် များနှင့် တွေ့ဆုံပွဲများဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁ဝနာရီမှ စတင်၍ မအူပင်မြို့နယ် ပန်းပင်စု ကျေးရွာအုပ်စုခွာလေးကျွန်းကျေးရွာ လေးကျွန်းစင်္ကြာဘုန်းတော်ကြီး ကျောင်း၌ ပန်းပင်စုကျေးရွာ အုပ်စုမှပါတီဝင်များနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော် နှင့် မြို့နယ်ကော်မတီဝင် ဦးတေဇာအောင်၊ ဦးကျော်နိုင်စိုး၊ ဦးတင်ဌေးအောင် တို့သည် သစ်ရာကောက်တိုက်နယ်ရှိ ပါတီခေါင်းဆောင်များနှင့် ၃၀.၈.၂၀၁၈ နေ့ နံနက် (၁၀) နာရီတွင် တွေ့ဆုံ၍ ပုံမှန်လပါတ်အစည်းအဝေးပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများ ပြုလုပ်ခဲ့ကြပါသည်။
Tin Myo Zaw