ဘားအံမြို့နယ်ရှိ ရေဘေးသင့်ကျေးရွာများသို့ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ထောက်ပံ့လှူဒါန်း

 

ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်တာဝန်ခံပြည်နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဦးစောမြဝင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသည့် ဘုရားသုံးဆူမြို့နယ်တာဝန်ခံဦးခိုင်ဝင်းနှင့် ဦးဝင်းတင်၊ လူငယ်ရေးရာကော်မတီဝင် ဦးခင်မောင်ဝင်း၊ အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်မိုးသူခိုင် နှင့် ဒေါ်အေးငြိမ်း၊ ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဝင်မိသားစုများမှ ပြည်နယ်ပါတီရုံးနှင့် ပူးပေါင်းကာ ဘားအံမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ သွားရောက်ပြီး ဆန် ၅၂တင်း၊ မားမား ၂၄၄ဖာ၊ ရေသန့် ၃၄၄တွဲ၊အဝတ်အထည်၁၇ထုပ် ကာလတန်ဖိုးငွေကျပ် စုစုပေါင်း ၅၆ သိန်းဖိုးအားသွားရောက် လှူဒါန်းကြစဉ်။

ကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနား ပါတီဗဟိုအလုပ်အမှုဆောင် တက်ရောက်အားပေး

 

မန္တလေးတိုင်းဒေသကြီးမြင်းခြံ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ မွန်းလွဲပိုင်းတွင် မြင်းခြံမြို့နယ် ခြေ ဆေးကျေးရွာတွင် ပါတီဆိုင်းဘုတ် စိုက်ထူပွဲ အခမ်းအနားကို ပြုလုပ် ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခြေ ဆေးကျေးရွာဒေသခံ ၂ဝဝခန့်တက် ရောက်၍ စုပေါင်းစိုက်ထူခဲ့ကြ ပြီး ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းမောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။ ယင်းနောက် တိုင်းဒေသ ကြီး ပါတီကော်မတီဝင် ဦးမြတ်သူ ကပါတီလုပ်ငန်းစဉ်များကို တက် ရောက်လာကြသူများအားရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီဝင်သစ် ၂၈၄ ဦး ဝင်ရောက်

 

ကျုံပျော် သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ မြို့ပေါ်ရပ်ကွက်များဖြစ်သော တေဇရပ်ကွက်နှင့် ပင်လုံရပ်ကွက်တို့မှ ပြည်သူများက ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျုံပျော်မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်ကျောင်းသားများကို အာဟာရဒါနပြုလှူဒါန်း

 

မကွေး သြဂုတ် ၁၉

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကန်ပြားကျေးရွာ ပေါက်အိုဓမ္မရိပ်သာကျောင်းတိုက်ရှိ ဓမ္မစကူးလ်သင်တန်း ကျောင်းသားကျောင်း သူများကို ယနေ့နေ့လယ်က အာဟာရဒါနလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါအာဟာရဒါနလှူဒါန်းပွဲသို့ ခရိုင်ပါတီကော်မတီဝင် ဦးအောင်နိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်၊ မြို့နယ်ကော်မတီဝင် ဦးတိုင်းကျော်၊ ဦးတင်ဌေး အောင်၊ ဦးထွန်းအောင်ကျော်၊ ဒေါ်ခင်မင်းသိန်း၊ ရုံးအဖွဲ့များဖြင့်သွားရောက်၍ ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။

ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီပိန်းချစ်ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

လွိုင်လင်လေး သြဂုတ် ၁၉

ကယားပြည်နယ်လွိုင်လင်လေး မြို့ ပိန်းချစ်ကျေးရွာ သီရိမင်္ဂလာ ကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက် ၁၁နာရီက ကယားပြည်နယ် ပြည် ခိုင်ဖြိုးပါတီမှ ပိန်းချစ်ကျေးရွာ ပါတီဝင်များနှင့် သွားရောက်တွေ့ ဆုံကြသည်။

ပထမဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၁၉

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီ ရုံးတွင် နှစ်စဉ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁ဝနာရီတွင် မြို့နယ်ပါတီရုံး၌ကျင်းပရာ အခမ်းအနားသို့ ပါတီဗဟို ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီမှ ဒေါ်စန်းစန်းဝင်း၊ တိုင်းပါတီနာယက ဒေါက်တာခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာသန်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်းဆေးတိုက်)မိသားစု၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာနေလင်း၊ အရှေ့ပိုင်းခရိုင် ဘဏ္ဍာရေးမှူး ဦးဝဏ္ဏမျိုး၊ မြို့နယ်ဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်သာသနနုဂ္ဂဟအဖွဲ့ဝင်များ၊ ပါတီနာယက အကြံပေးအဖွဲ့ဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ လူငယ်အမျိုးသမီးအဖွဲ့ ဝင်များက ဝါဆိုသင်္ကန်းများကိုဆက်ကပ်လှူဒါန်းကြသည်။

မြိုင်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ

 

မကွေး သြဂုတ် ၁၉

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်၊ အတွင်းရေးမှူး ဦးထိန်လင်းနှင့် မြို့နယ်ပါတီကော်မတီများသည် လူငယ်ကိုယ်စားလှယ် ကိုအောင်ဆန်းထွန်း နှင့်လူငယ်ကော်မတီဝင်များ ပါဝင်လျက် မန်ကျည်းကန်ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံပွဲကို ပါတီဝင်ဦးအောင်မြိုင်နေအိမ်၌ ယနေ့နံနက်က သွားရောက်တွေ့ဆုံခဲ့ပြီး လတ်တလောဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံခြားငွေကြေးမတည်ငြိမ်မှုတို့ကြောင့်ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုအခြေအနေများကို ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)

ပါတီဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ ရန်ကုန်တိုင်းအမျိုးသမီးရေးရာတာဝန်ခံများအားတွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတိုင်းခရိုင်မြို့နယ်ပါတီဥက္ကဌများအမျိုးသမီးရေးရာတာဝန်ခံများနှင့်ပာတီဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံဒေါက်တာ ဒေါ်စန်းစန်းနွယ် ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီတိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးတို့တွေ့ဆုံပွဲအခမ်းအနားကိုသြဂုတ်လ(၁၈)ရက်နေ့လည်(၁၁:၃၀)နာရီကရန်ကုန်တိုင်းပြည်ခိုင်ဖြိုးခန်းမတွင်ကျင်းပကြောင်းသိရှိရသည်။
အခမ်းအနားအစီအစဉ်အရပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းတာဝန်ခံဦးခင်ရီမှအမှာစကားပြောကြားရာတွင်စွမ်းရည်မြင့်မားပြည့်ဝသည့်အမျိုးသမီးထုကြီးမှနိုင်ငံ့အရေးကိစ္စများကိုဖေါ်ဆောင်နိုင်ရန်အတွက်အမျိုးသမီးညီလာခံကိုကျင်းပမှာဖြစ်ကြောင်းသို့ဖြစ်၍ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးထုသည်လည်းစည်းရုံးရေးစွမ်းရည်ပြည့်ဝသည့်အမျိုးသမီးပါတီဝင်များဖြစ်ရန်တစ်ဦးချင်းသော်လည်းကောင်းအဖွဲ့လိုက်သော်လည်းကောင်းကြိုးစားကြစေခြင်ကြောင်းမှာကြားသည်။
ထို့နောက်တိုင်းပါတီဥက္ကဌပါတီဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးမှယနေ့ညှိနှိုင်းအစည်းအဝေးသည်တိုင်းခရိုင်မြို့နယ်အမျိုးသမီးအကြိုညီလာခံများကျင်းပနိုင်ရန်အတွက်ဖြစ်ကြောင်းပါတီဥက္ကဌများလည်းတက်ရောက်သည့်အတွက်မှာကြားလိုကြောင်းယနေ့ခေတ်အခြေအနေအရပါတီဥက္ကဌများအမျိုးသမီးပါတီဝင်များသည်ပြောရဲဆိုရဲဟောပြောရဲသည့်အရည်အချင်းနှင့်ပြည့်ဝနေရန်လိုအပ်ကြောင်းအမျိုးသမီးအကြိုညီလာခံအဆင့်ဆင့်ပြုလုပ်နိုင်ရန်ပြင်ဆင်ထားကြဖို့မှာကြားလိုကြောင်းပြောကြားသည်။
ဆက်လက်၍ပါတီဗဟိုအတွင်းရေးမှုးအမျိုးသမီးရေးရာတာဝန်ခံဒေါက်တာစန်းစန်းနွယ်မှအမှာစကားပြောကြားရာတွင်ယနေ့တွေ့ဆုံပွဲသည်ပြည်ခိုင်ဖြိုးပါတီအမျိုးသမီညီလာခံကျင်းပနိုင်ရေးအတွက်အကြိုညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်းရည်ရွယ်ချက်မှာပါတီ၏ဦးဆောင်မှုအခန်းကဏ္ဍမြှင့်တင်ရေးတွင်အမျိုးသမီးထုမှပါဝင်နိုင်ရန်ပါတီ၏မူဝါဒလုပ်ငန်းစဉ်များကိုပြည်သူများသိရှိစေရန်အမျိုးသမီးများဘဝလုံခြုံရေးနှင့်စွမ်းရည်မြင့်မားတိုးတက်စေရေးနှင့်အမျိုးသမီးဘဝမြှင့်တင်ရေးတို့အတွက်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းထို့နောက်အမျိုးသမီးညီလာခံကျင်းပနိုင်ရေးအတွက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုမေးမြန်းတင်ပြကြပြီးတွေ့ဆုံပွဲအခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ထိန်ဝင်း(YGN)


ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​၍ ကြိုဆိုနှုတ်​ခွန်းဆက်​စကား​ပြောကြား

 

ရေစကြို ၊ သြဂုတ်​၊ ၁၉

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကို ယ​နေ့ နံနက်​ ၁၀ နာရီအချိန်​တွင်​ မ​ကွေးတိုင်း​ဒေသကြီးပခုက္ကူခရိုင်​၊ရေစကြိုမြို့နယ်​ သာစည်​အုပ်​စု​ကျေးရွာ၌ ကျင်းပပြုလုပ်​ရာ အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူးမ​ကွေးတိုင်း​ဒေသကြီးတာဝန်​ခံ ဦးပိုက်​​ထွေး၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ တိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊အတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ဘဏ္ဍာ​ရေးမှူး
ဦးကြည်​ထွန်း၊ ​တိုင်းပါတီ​ကော်​မ‌တီဝင်​များ ၊ပခုက္ကူခရိုင်​ပါတီဥက္ကဌဦးသိန်းထွန်း၊ အတွင်း​ရေးမှူး ဦးမြင့်​နိုင်​နှင့်​ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဌ ဦးသိန်းလွင်​​​နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​အသစ်​ ၃၇၅ ဦး အပါအဝင်​စုစု​ပေါင်းအင်​အား ၇၀၀ ​​ကျော်​တက်​​ရောက်​ခဲ့ကြပါသည်​ ။