ရန်ကုန် စက်တင်ဘာ ၁ဝ
ရန်ကုန် စက်တင်ဘာ ၁ဝ
ရန်ကုန် စက်တင်ဘာ ၁ဝ
ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာကော်မတီ တာဝန်ခံများ၊ ဗဟိုအမျိုးသမီး ညီလာခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ကျင်းပသည်။
အဆိုပါညှိနှိုင်း အစည်းအဝေး သို့ ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင် ဖြိုးပါတီမှဗဟိုကော်မတီဝင်ရန်ကုန် တိုင်းအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းနှင့် တိုင်းပါတီ ကော်မတီဝင်များခရိုင်နှင့် မြို့နယ် ပါတီအမျိုးသမီးရေးရာတာဝန်ခံ များ တက်ရောက်ကြသည်။
လေးမျက်နှာ စက်တင်ဘာ ၁ဝ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမတွင် မြို့နယ် လူငယ် ရေးရာကော်မတီနှင့် ရပ်ကွက်/ ကျေးရွာလူငယ်ရေးရာ ကော်မတီ ဝင်များပုံမှန်တွေ့ဆုံပွဲ အခမ်းအနား ကို ယမန်နေ့မွန်းတည့် ၁၂နာရီက ကျင်းပခဲ့သည်။
မုံရွာ စက်တင်ဘာ ၁ဝ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုး သမီးရေးရာအဖွဲ့မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ(၂ဝ၁၈) အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့တွင် မုံရွာမြို့ နန္ဒဝန်အမှတ် (၆)ရပ်ကွက် တနယ်ပေါက်တော ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသားကျောင်းသူ ၉ဝကျော်အား အာဟာရတိုက်ကျွေးခြင်းနှင့် ရဟန်းသံဃာတော် အရှင်သူမြတ် ၂၆ ပါး တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် ဝတ္ထုငွေ ထောက်ပံ့လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ကြသည်။
ကောလင်း စက်တင်ဘာ ၁ဝ
စစ်ကိုင်းတိုင်းဒေသကြီး ကော လင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို မြို့ နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီ က ကျင်းပခဲ့သည်။
လေးမျက်နှာ စက်တင်ဘာ ၁ဝ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ပန်းတောကြီးအုပ်စု ပန်းတောကြီးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးအောင်တင်မြင့်နှင့် ပါတီဝင်တောင်သူများတွေ့ဆုံ၍ ဝင်ငွေတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက် စက်တင်ဘာ ၁ဝ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရန်ကုန်-ပြည်လမ်းအနောက်ဘက် မဟာစန္ဒာသီဟဘုရားကြီး ရှေ့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်နယ်မြေ လောက်ကိုင်ဒေသတွင် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ပြီး အောင်ပွဲရပြန်လာသော ခလရ (၁) စိန်ကန့်လန့်(မင်းလှ)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျဦးဆောင်သော ရှေ့တန်းပြန်အဖွဲ့များအား ကြိုဆိုခဲ့ကြ ကြောင်း သိရသည်။
မင်းဘူး၊ စက်တင်ဘာ ၁၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ ဗဟိုအတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေးသည် ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ရွှေမင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့ မွန်းလွဲ၂ နာရီခွဲ အချိန်တွင် မင်းဘူးမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂)ရှိ ဖလံတောကျေးရွာသို့ သွားရောက်ခဲ့
ကြောင်း သိရသည်။
(၁၀.၉.၂၀၁၈) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်ပါတီရုံးခန်းမ၌ အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်သန်းနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်အမျိုးသမီးများ အပါအဝင် စုစုပေါင်းအင်အား(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
လွိုင်ကော် – စက်တင်ဘာ ၁၀