မြန်အောင်၊ စက်တင်ဘာ ၎
မြန်အောင်၊ စက်တင်ဘာ ၎
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရှမ်းတိုင်းရင်းသားအောင်နိုင်ရေးအစည်းဝေးကို မြို့နယ်ပါတီရုံးတွင် ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ တိုင်းပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးအောင်နိုင်ဦး၊ ခရိုင်ပါတီကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ မြို့နယ်ပါတီအောင်နိုင်ရေးကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ယင်းအစည်းဝေးကို (၅.၉.၂၀၁၈) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး စုစုပေါင်းအင်းအား (၄၀) ဦးဖြင့် ပြုလုပ်ခဲ့ကြပါသည်။
မလှိုင်၊ စက်တင်ဘာ ၎
မြစ်ကြီးနား စက်တင်ဘာ ၎
၂ဝ၁၈ခုနှစ်နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ကချင်ပြည် နယ်မဲဆန္ဒနယ်အမှတ်(၂)အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် မည့်ဦးဆီဟူးဒွေ့အား မိတ်ဆက်ကြိုဆိုပွဲနှင့် ရုံးခန်း ဖွင့်ပွဲကိုယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံး၌ ကျင်းပခဲ့သည်။
နတ်မောက် စက်တင်ဘာ ၎
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ ည ၇ နာရီ မှစတင်ကာ တမာပင်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင် ဦးဆောင်သော ဓမ္မစကြာဝတ်ရွတ်အသင်းအား ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏မေတ္တာရပ်ခံမှုဖြင့် သံဃာတော်အရှင် သူမြတ်တို့ ဝါဆိုဝါတွင်းကာလဖြစ်သည့် ဥပုသ်နေ့တိုင်း အလှည့်ကျ ဓမ္မစကြာတရားတော်များ ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရ သည်။
ကနီ စက်တင်ဘာ ၎
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်အမျိုးသမီးရေးရာကော်မတီမှကြီးမှူး၍ ဓမ္မစကြာ ရွတ်ပွားပူဇော်ပြိုင်ပွဲတွင် ဆုရှိသော ယင်းမာပင်ခရိုင် ကနီမြို့နယ် ကိုယ်စားပြုသဒ္ဒမ္မပါလဝတ်ရွတ်အသင်းကို ဂုဏ်ပြုသည့်ပွဲကို ယနေ့ နံနက် ၈ နာရီ၌ မင်းကုန်းရွာ ရွာခွဲအုပ်ချုပ်ရေးမှူးနေအိမ်တွင်ကျင်းပ ခဲ့သည်။
စက်တင်ဘာ ၎
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးကိုကိုကျော် (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)နှင့် ဇနီး ဒေါ်မြင့်မြင့်ထွဏ်းတို့က မတည်၍ ပါတီဝင်များ၏ ထည့်ဝင်လှူဒါန်း ငွေများစုပေါင်းကာ ဖြူးမြို့နယ် အတွင်း စစ်တောင်းမြစ်ရေလျှံမှု ကြောင့် ရေဘေးဒုက္ခခံစားနေကြ ရသော သစ်ခြောက်ခင်ကျေးရွာ အုပ်စု ကမ်းနားမြိုင်ရွာနှင့် ရှားပင် ရှောင်ကျေးရွာတို့မှ အိမ်ခြေ ၁ဝဝ ကျော်တို့အတွက် ရေသန့်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကျန်း မာရေးအတွက် ဆေးဝါးများကို ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် မြို့နယ်အမှု ဆောင်များ၊ ဒေသတာဝန်ခံများ၊ ပါတီဝင်လူငယ်များအဖွဲ့က ယမန် နေ့ နံနက်တွင်မိသားစုများ လက် ဝယ်အရောက် သွားရောက်လှူ ဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်း စက်တင်ဘာ ၎
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ခိုင် ဖြိုးပါတီ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ကျေး ရွာများသို့ ကွင်းဆင်းဆောင်ရွက်မှု များပြုလုပ်ခဲ့သည်။
ချောက် စက်တင်ဘာ ၎
မကွေးတိုင်းဒေသကြီး မင်းဘူးစကုမြို့နယ် ကျောက်စစ် ပုံကျေးရွာသို့ ယနေ့နံနက်က မင်းဘူးမြို့နယ် ပါတီကော်မတီဝင် များနှင့်အတူ ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ရွေးချယ်ခံမည့် လွှတ် တော်ကိုယ်စားလှယ်လောင်းဦးစိန်ရွှေမင်းနှင့် မြို့နယ်ကော်မတီဝင် များ၊ ပြည်သူလူထုများနှင့်တွေ့ဆုံ၍စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွယ်နီနိုင်(ချောက်)