တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီတို့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝါဆို ဝါကပ် သတင်းသုံးတော်မူကြသော သံဃာတော်အရှင်သူမြတ်အပါး ၁၁ဝ တို့အား စုပေါင်းဆွမ်းလောင်းပွဲအား ယနေ့ နံနက် ၉ နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ကျင်းပရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာသိန်းဇော်မြင့်နှင့် ကော်မတီဝင်များ၊ ရပ်/ကျေးပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌများ တက်ရောက်ကြောင်းသိရသည်။

မိုးနဲမြို့နယ် မယ်ဇလီမြိုင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

 

မိုးနဲ သြဂုတ် ၂၈

နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဓမ္မစကြာရွတ်ဖတ်ပူဇော်

 

နတ်မောက်၊ သြဂုတ် ၂၇

မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဘုရား တရား သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတော်များကို နှ လုံးသွင်းပြီး နတ်မောက်မြို့ ကန်ကြီးရပ်ကွက် ဓမ္မစကြာ ဝတ်အသင်းကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်အေးမာကြူ ဦးဆောင်ပြီး ၁၃၈ဝ ပြည့်နှစ် ဝါခေါင်လပြည့် ညချမ်းချိန်ခါဝယ် ဓမ္မစကြာတရားတော် လာရွတ်ဖတ်ခြင်း၊ ထိခြင်းငါးပါးဖြင့် ရိုသေစွာရှိခိုးခြင်း၊ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ သာသနာတော် တည်တံ့ပြန့်ပွားရေးဆောင်ရွက်ခြင်း စသည့် လက္ခဏာရေးသုံးပါး ဆင်ခြင်ခြင်းတို့ ဖြစ်သည့် အိမ်တွင်းသာသနာပြုလုပ်ခြင်း၊ ရပ်ရွာအတွင်း သာသနာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီ ပါတီ​ရေးရာစကားဝိုင်းနှင့် အမျိုးသမီး​ရေးရာ ညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲ ကျင်းပခြင်း(ဒုတိယပိုင်း

 

ရှမ်းပြည်​နယ် ​(အ​ရှေ့ပိုင်း) တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီရုံးတွင်​ (၂၇.၈.၂၀၁၈)​ ရက်နေ့ နံနက်​ (၉) နာရီအချိန်​၌ တာချီလိတ်​ ခရိုင်​/မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ခရိုင်​ဥက္ကဌ ဦးဘိုစံ၊ ခရိုင်​အတွင်း​ရေးမှူးနှင့်ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်း၊ မြို့နယ်​အတွင်း​ရေးမှူးနှင့်မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​ကွက်​ပါတီဥက္ကဌများ၊ တာချီလိတ်​ ခရိုင်​/မြို့နယ်​ပါတီအမျိုးသမီး​ရေးရာအဖွဲ့ဝင်​ အင်​အား (၆၀) ဦးတို့နှင့် ​တွေ့ဆုံပြီး ပါတီ​ရေးရာစကားဝိုင်း​ဆွေး​နွေးခြင်း၊ အမျိုးသမီး​ရေးရာညီလာခံအတွက်​ အကြိုနှီး​နှောဖလှယ်​ပွဲကို ခင်​မင်​ပွင့်လင်းစွာဖြင့် ​ဆွေး​နွေးခြင်းများ
ဆောင်​ရွက်​ခဲ့ကြပြီး ဒုတိယပိုင်းအစီအစဉ်​အရ စာတမ်းဖတ်​ကြားရန်​ ​ရွေးချယ်​ခံရ​သောအဖွဲ့ကိုယ်​စားတစ်​ဦးချင်းစီ ​လေ့ကျင့်ခြင်း၊ အခမ်းအနားမှူးအဖြစ်​​ဆောင်​ရွက်​ရန်​ ​လေ့ကျင့်ပြင်​ဆင်​ခဲ့ကြပြီး တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီမှ
ယ​နေ့ တက်​​ရောက်​လာကြ​သော အဖွဲ့သားများအား ​နေ့လည်​စာဖြင့် ဧည့်ခံ​ကျွေး​မွေးခဲ့​ကြောင်း သိရှိရပါသည်​ ။

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မထောခူကျေးရွာအုပ်စု ရေနီကန်ရွာတွင် ပါတီဝင်များနှင့် သွားရောက်တွ့ဆုံ

 

လွိုင်ကော် – သြဂုတ် ၂၇

ဒေသခံများ၏အခက်အခဲများ ဖြေရှင်းပေးရန် မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒေသခံရပ်မိရပ်ဖများ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

 

မြန်အောင် သြဂုတ် ၂၇

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

 

မိုးကောင်း သြဂုတ် ၂၇

မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ဝါခေါင်လပြည့်နေ့ အရုဏ်ဆွမ်းနှင့် တိုင်းရင်းဆေးများလောင်းလှူကုသိုလ်ပြု

 

ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမင်းသိန်းထွန်းနှင့် ပြည်ခိုင်ဖြိုး ပါတီဝင် အင်အား ၁၅ဝ တို့က စုပေါင်းစုဆောင်း၍ ယမန်နေ့ (ဝါခေါင်လပြည့်နေ့) နံနက်တွင် ကျိုက်ဝိုင်းဘုရားလမ်းမပေါ် ဆွမ်း ခံကြွလာသည့် ဆရာတော်သံဃာ တော်အပါး ၁၅ဝ ကျော်တို့အား ဗုဒ္ဓဘာသာ သာသနာ အဓွန့်ရှည် တည်တံ့ခိုင်မြဲစေရန်အလို့ငှာ သာ သနာပြု ဆရာတော် သံဃာတော် များ သက်တော်ရာကျော်ရှည်ပါစေ ကျန်းမာပါစေကြောင်း ရည်ရွယ်၍ ဆွမ်းထမင်း၊ ဆွမ်းဟင်း၊ တိုင်းရင်း ဆေးများနှင့် လှူဒါန်းဖွယ်ရာ ဝတ္ထုအစုစုတို့ကို စေတနာသဒ္ဓါ ထက်သန်စွာဖြင့် ကုသိုလ်ကောင်း မှုပြုလှူဒါန်းခဲ့ကြကြောင်း သိရ သည်။