နတ်မောက် စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး မကွေး ခရိုင် နတ်မောက်မြို့နယ် ကျောက် တန်းအုပ်စု ကျောက်တန်းကျေးရွာ တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက် စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး မကွေး ခရိုင် နတ်မောက်မြို့နယ် ကျောက် တန်းအုပ်စု ကျောက်တန်းကျေးရွာ တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ထီးချိုင့် စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်စိုက်ထူပွဲများကို ယမန်နေ့နံနက်ပိုင်းက ထီးချိုင့်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပါတီဆိုင်းဘုတ်များ စိုက်ထူရာတွင် ကသာခရိုင် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ထီးချိုင့်မြို့နယ် တာဝန်ခံ ဦးစိုးစိုး၊ မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်နှင့်ကော်မတီဝင်များလိုက်ပါလျက် ယနေ့နံနက် ၈နာရီက အမှတ်(၄)ရပ်ကွက် ဦးတင်ထွန်းနေအိမ်တွင် ပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍စိုက်ထူကာ နိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို စက်တင်ဘာလ ၈ ရက်နေ့ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျား…
ရန်ကုန် စက်တင်ဘာ ၈။
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွုံ့ဖြိုးရေးပါတီ၊ အမျိုးသမီးရေးရာ ဝတ်အဖွဲ့သည် ယနေ့နေ့လည် ၁ နာရီက မြို့နယ် ပါတီရုံးတွင် ဘုရားရှင်အား မဟာပဌာန်းမြတ်ဖြင့် ဝတ်ရွတ်ပူဇော်ခဲ့ကြပါသည်။အဆိုပါ အမျိုးသမီးဝတ်အဖွဲ့သည် ဝါတွင်းကာလပတ်လုံးတွင် အပတ်စဉ် အဖိတ်နေ့တိုင်း မပျက်မကွက် ဝတ်ရွတ်ပူဇော်ကြပါသည်။
မြို့နယ် ပါတီကော်မတီဝင် ဘဏ္ဍာရေးမှူး ဒေါ်ဝင်းဝင်းအောင်မှ ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင် ဒေါ်မာလာရည်လွင်၊ မြို့နယ် ပါတီကော်မတီဝင် ဒေါ်တင်တင်အေးနှင့် ရပ်ကွက်ပါတီဥက္ကဌများ၊ ကော်မတီဝင်အမျိုးသမီးများနှင့်ပါတီဝင်အမျိုးသမီးများ၊ပါတီဝင်လူငယ်အမျိုးသမီးလေးများပါတက်ရောက် ပူဇော်ခဲ့ကြကြောင်းသိရှိရပါသည်။
ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ပါတီဝင်စွမ်းအင်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပို့ ချပွဲအခမ်းအနားအားယနေ့  (၈.၉.၂၀၁၈)ရက်နေ့  နံနက်၉နာရီအချိန် မြို့ နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဦးဝေလွင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ ပြီး လူငယ်များနှင့်သက်ဆိုင်သော ဗဟုသုတများ လူငယ်များသိသင့်သိထိုက်သောဘာသာချက်များအား ဆွေးနွေးပို့ ချသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Samg-hwa အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော်ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာနိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
(၇.၉.၂၀၁၈) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (၂၀၁၈) ခုနှစ်အတွက် (တတိယ) အကြိမ် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၁၈) ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဝင်ပေါင်း(၂၀၀၀) ဦးအတွက် ပါတီနှစ်စဉ်ကြေး(၂၀၀၀၀၀၀ိ/-) အား တိုင်းဒေသကြီးဘဏ္ဍာရေးမှူးထံသို့ ပေးအပ်ခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပါတီများအနေဖြင့် ယခု (တတိယ) အကြိမ်အထိ ပါတီဝင်ပေါင်း (၇၇၈၈) ဦးအတွက် ပါတီဝင်နှစ်စဉ်ကြေး (၇၇၈၈၀၀၀ိ/-) အား ပေးသွင်းပြီးဖြစ်ကြောင်း သိရှိရပါသည်။ ထို့နောက် တိုင်း/ခရိုင်/မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
၇ – ၉ – ၂၀၁၈ ရက်နေ့တွင် မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးကော်မတီများသည် မိုင်းယောင်းမြို့ သမိုင်းဝင်ဓါတ်လုံစေတီတော်ရင်ပြင်၌ ဆောက်လုပ်နေသော နှစ်ထပ်ဇရပ်ဆောင်ကွန်ကရစ် ကြမ်းခင်းလောင်းရာတွင် မိုင်းယောင်းမြို့နယ်မှ ဟိုခုံရပ်ကွက်လူထုများ၊ ယန်းမွန်းကျေးရွာမှလူထုများ၊ တာပေါက်ကျေးရွာမှလူထုများနှင့်အတူ ပါဝင်လုပ်အားပေးဒါနပြုကြပါသည်။
၂၀၁၈ – ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြုပြီး အရွေးချယ်ခံမည့် ဦးဆီဟူးဒွေ့ သည် အဘ – ဦးချော်ဖာတီနှင့် အမိ – ဒေါ်ခူမာမဲတို့မှ ၂၉ . ၇ . ၁၉၆၈ ရက်နေ့တွင် ပူတာအိုမြို့ နယ် မူလာအွန်ကျေးရွာ ၌ မွေးဖွားခဲ့ပြီး မွေးချင်း (၄) ဦးအနက် အကြီးဆုံးသားဖြစ်ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ဦးစီးရုံးအဖွဲ့ဝင်များအားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်တစ်ခုအပါအဝင်ဖြစ်သောကွန်ပြူတာအခြေခံသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားအား ပါတီဌာနချုပ်၊ပညာရေးဌာန
တွင်ကျင်းပရာ ဌာနချုပ်မှူးဦးသောင်းရွှေမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူ( ၁၇)ဦးနှင့် ဌာနမှူး၊ဒုဌာနမှူးများတက်ရောက်ခဲ့ကြပါသည်။