အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

ပြည်မြို့နယ်ပြည်ခိုင်ဖြိုးအမျိုးသမီးရေးရာ တာဝန်ခံဒေါ်ခင်ဆွေလဲ့ ဦးဆောင်၍ အမျိုးသမီးရေးရာ ညီလာခံအားကြိုဆို ဂုဏ်ပြုသေားအားဖြင့် ပြည်မြို့နယ် ရွှေတံခါးအပိုင်း ၄ ရှိ စုက္ခရုကျောင်းဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူခြင်း ဘုန်းကြီးကျောင်းဝန်းကျင်နှင့် စေတီဝန်းကျင်အား သန့်ရှင်းရေးများပြုလုပ်ခဲ့ပါသည်။


ပြည်နယ်ပါတီအတွင်းရေးမှူး ရွှေကူမြို့တွင် ပြည်နယ် ခရိုင် မြို့နယ် ရပ်ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ရွှေကူ၊ စက်တင်ဘာ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မြို့နယ်ဥက္ကဋ္ဌ ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး


ရန်ကုန်၊ စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်အောင် (နယ်မြေတာဝန်ခံ) သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်း ရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များအား တွေ့ဆုံ၍ ပြည်ခိုင်ဖြိုးပါတီ၏ လက်ရှိစည်းရုံး လှုပ်ရှားဆောင်ရွက်ထားမှု အခြေအနေများ၊ ရေးရာအလိုက်ဆောင် ရွက်ထားမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)

(more…)


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနားကျင်း

 

သရက်ချောင်း စက်တင်ဘာ ၂၇

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ပြည် ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ဗဟိုအမျိုးသမီးညီလာခံအကြို အစည်းအဝေးကျင်းပ

 

ဝန်းသို စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ အမျိုးသမီးရေးရာညီလာခံအကြိုအတွက် အစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။

ယင်းအစည်းအဝေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်းက အမျိုးသမီးရေးရာ မြို့နယ်အကြို ညီလာခံနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး စီစဉ်ညွှန်ကြားခဲ့ကြောင်း သိရသည်။

အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဒေါက်တာစိုးမင်းခေါင်းဆောင် သည့် ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသရေး အဖွဲ့တို့ပူးပေါင်း၍ စက်တင်ဘာ ၂၇ ရက် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၃ နာရီထိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီရုံး၌ အခမဲ့ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)


ကမာရွတ်ပြည်ခိုင်ဖြိုး ဗဟိုအမျိုးသမီးညီလာခံကြိုဆိုစာရေးကိရိယာလှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၂၇

ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်ပြုကြိုဆို သောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၉နာရီ က ကမာရွတ်မြို့နယ် (၄)ရပ်ကွက်ရှိ မြတ်လေးရုံ ဘုန်းတော်ကြီးကျောင်းဆရာတော်အား ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပြီး သာဓုအနုမောဒနာ တရား နာယူခဲ့သည်။

တပ်ကုန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုကျင်းပနိုင်ရေးနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တပ်ကုန်းမြို့နယ်ရုံး၌ ယမန်နေ့နံနက် ၁ဝနာရီက ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ မြို့နယ်အဆင့်အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေးနှင့်မြို့နယ်ကော်မတီ ဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ခဲ့ကြောင်း သိရသည်။