မန္တလေး၊ စက်တင်ဘာ ၁၉
မန္တလေး၊ စက်တင်ဘာ ၁၉
ရန်ကုန် စက်တင်ဘာ ၁၉
ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ပန်းဘဲတန်း မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းဝင်း(၁)၊ ခရိုင်ကော်မတီဝင် ဒေါ်စန်း စန်းဝင်း (၂)၊ ပန်းဘဲတန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးရီနှင့် အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ပန်းဘဲတန်း မြို့နယ် အခြေခံပညာမူလတန်း အမှတ်(၃)ကျောင်းရှိ ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်များ သွားရောက်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
ရန်ကုန် စက်တင်ဘာ ၁၉
ကြားဖြတ်ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းဒေသ ကြီးမှဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းနှစ်ဦးသည် မီဒီယာများနှင့် ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်တွေ့ဆုံရှင်းလင်းခဲ့သည်။
လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ရွေးချယ်ခံမည့်တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်မှဦးမျိုးဝင်းကျော်နှင့် ဆိပ်ကမ်းမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်မဲ ဆန္ဒနယ်မှဝင်ရောက် အရွေးချယ်ခံမည့် ဦးနေမျိုးအောင်တို့က သတင်းမီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ်သည်။
မြစ်ကြီးနား စက်တင်ဘာ ၁၉
(၂ဝ၁၈)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့နှင့် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်နေ ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရပ်ကွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နေအိမ်၌ ကျင်းပခဲ့သည်။
အုတ်တွင်း စက်တင်ဘာ ၁၉

မြစ်သား၊ စက်တင်ဘာ ၁၉

ပုသိမ်ကြီး၊ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနား ကို စက်တင်ဘာာ (၁၈) ရက်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရန်ကုန်၊ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် မြို့နယ်ကော်မတီဝင် ကိုးဦးတို့သည် ယမန်နေ့နံနက် ၁ဝ နာရီက လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာ ဇေယျာမြင့်ရပ်ကွက်သို့ ရောက်ရှိပြီး ဦးကျော်သာ ၏နေအိမ်တွင် ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ လက်ရှိအခြေအနေ များအား ရှင်းလင်းဆွေးနွေးပြီး ရပ်ကွက်ပြည်သူများမှ ပါတီဝင်အဖြစ် လျှောက်ထားတင်ပြလာသည့် အဆိုပြုလွှာ ၆၈ စောင်အား လက်ခံခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဇေယျာသီရိမြို့နယ် ခေတ်အေးအုပ်စု မရင်းကြီးကျေးရွာ၌ စက်တင် ဘာ ၁၈ ရက်က ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားတွင် ဂုဏ်ပြုလွှာရရှိခဲ့သူတို့၏ ပြည်သူ့ အကျိုး ဆောင်ရွက်ခဲ့ကြသည့်အခြေအနေများနှင့် ပတ်သက်၍ ပါတီဝင်အင်အားတိုးအောင်ဆောင်ရွက်ပေးခဲ့ကြသူ ဇေယျာသီရိမြို့နယ်ကော်မတီဝင် ဦးဝင်းလွင်ဦးနှင့် ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု ရပ်/ကျေးစည်းရုံး ရေးမှူး ဦးမောင်ဇော်ဦးတို့ ပြောကြားခဲ့ကြသည့်အသံများကို စုစည်းဖော်ပြလိုက်ပါသည်။

နွားထိုးကြီး၊ စက်တင်ဘာ ၁၈
နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ အမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကို စက်တင်ဘာ (၁၈) ရက်နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။