မုံရွာ၊ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအခမ်းအနားကို မုံရွာမြို့နယ် ပါတီရုံး၌ ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီကော်မတီဝင် မုံရွာခရိုင်တာဝန်ခံ ဒေါက်တာဝင်းမြင့်အောင်နှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မုံရွာခရိုင်ပါတီဥက္ကဌ ဦးအောင်တိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မုံရွာခရိုင်အတွင်းရှိ ၄ မြို့နယ် မှ သင်တန်းသား / သူများ စုစုပေါင်း (၆၅) ဦး တက်ရောက်ကြပါသည်။