ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသော ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ ပါတီဗဟို အတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုကော်မတီဝင်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်ဦးခင် မောင်တင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယု၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးမင်းနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌ များ၊ အမျိုးသမီးအဖွဲ့ဝင်များ တက်ရောက် ကြသည်။








