ဝက်လက် စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ခင်ဦးမြို့နယ်တွင် ဗဟိုအမျိုး သမီးရေးရာညီလာခံကိုကြိုဆိုဂုဏ် ပြုသောအားဖြင့် ကျွန်းလည်ကျေး ရွာ ဦးကြည်မောင်၏နေအိမ်တွင် ပါတီဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ ပါတီဆိုင်းဘုတ်တင်ပွဲ နှင့်အတူ လူထုတွေ့ဆုံပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာဦးမြင့်သိန်း၊ ရွှေဘိုခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေး နှင့်ခင်ဦးမြို့နယ်ပါတီဥက္ကဋ္ဌဦးထွန်း မြင့်တို့က အသီးသီးအမှာစကား ပြောကြားခဲ့သည်။



