ရန်ကုန် စက်တင်ဘာ ၂၄
လာမည့် နိုဝင်ဘာ ၃ ရက် တွင်ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲအတွက်ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု တာမွေမြို့နယ်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းဦးမျိုးဝင်းကျော်သည် မဲဆန္ဒရှင်ပြည်သူများနှင့်သွားရောက် တွေ့ဆုံခဲ့သည်။
ရန်ကုန် စက်တင်ဘာ ၂၄
လာမည့် နိုဝင်ဘာ ၃ ရက် တွင်ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲအတွက်ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု တာမွေမြို့နယ်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းဦးမျိုးဝင်းကျော်သည် မဲဆန္ဒရှင်ပြည်သူများနှင့်သွားရောက် တွေ့ဆုံခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် (USDP)မှ စစ်ကိုင်းတိုင်းဒေသ ကြီး တမူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာက ယနေ့ အခမ်းအနားများ ဖြင့် လူစုဝေးကာ မဲဆွယ်စည်းရုံး မှုများလုပ်ဆောင်နေကြောင်း သိရ သည်။
ပန်းတနော် စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပမည့်ဗဟိုအမျိုး သမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁နာရီခွဲ အထိ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဗန်းမော် စက်တင်ဘာ ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့နှင့် ပါတီဝင်များ၊ စေတနာရှင်များစုပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဗန်းမော်ခရိုင် ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူနေကြသူများအား နံနက်စာအာဟာရဒါနအဖြစ် လက်ဖက်ရည်နှင့်မုန့်များ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝင်းအောင်(မိုးကောင်း)
မြန်အောင် စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် အမျိုးသမီးညီလာခံအား ကြိုဆို ထောက်ခံသောအားဖြင့် ယမန်နေ့တွင် မကျီးကုန်းကျေးရွာ မကျီးကုန်း မြောက်ရပ် ကံ့ကော်မြိုင်ကျောင်းတိုက်တွင် ဆရာတော်များအား ဝါဆို သင်္ကန်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်များနှင့်အတူ မြို့နယ်ပါတီဥက္ကဋ္ဌဦးနေဝင်းဇော်ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီဝင်များက မကျီးကုန်း-ငှက်ကြီးကွင်း ကျေးရွာချင်းဆက်လမ်းအား သွားလာ ရေးပိုမိုကောင်းမွန်စေရန်အတွက် မြေခင်းပြုပြင်ခြင်းအတွက် လုပ်အားဒါန ပြုခဲ့ကြသည်။
ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ် ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲ အခမ်းအနား ကို မြို့နယ်ရုံး၌ ယမန်နေ့နံနက် ၉နာရီက ကျင်းပခဲ့သည်။
သပိတ်ကျင်း၊ စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊(၆)မိုင်ကျေးရွာ၊(၆)မိုင်ကွင်းတွင် ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပသော ၂၀၁၈ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲ အောင်နိုင်ရေး လူထုတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းရီ၏ အမှတ် (၃) ရပ်ကွက် လွမ်းစေတီကျောင်းစာသင်တိုက်အတွင်း စက်တင်ဘာ (၂၃) ရက်နေ့ နံနက် ၈ နာရီက ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ ဘုရားပန်းများအသစ်လဲခြင်း၊ ဆရာတော်အား သစ်သီးဆွမ်းများကပ်လှူ ကြကြောင်း သိရသည်။
စုပေါင်းလုပ်အားပေးပွဲတွင် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အေးအေးမိုး၊ ဘဏ္ဍာရေးမှူး ဒေါ်အေးသီတာထွန်း၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်
ရန်ကုန် စက်တင်ဘာလ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးအဖွဲ့ သည် ယနေ့ တော်သလင်းလပြည့်နေ့၊ ဂရုဓမ္မအခါတော်နေ့ထူးနေ့မြတ်၌ မြို့နယ် ပါတီရုံးတွင် မြတ်ဘုရားရှင်အား ရည်မျှော်၍ မဟာပဌာန်းကိုရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။
ဒဂုံမြောက် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးဝတ်အဖွဲ့သည် ဝါတွင်းသုံးလပတ်လုံး တွင် ပါတီဝင်အမျိုးသမီးများနှင့်(အပတ်စဉ်)မပြတ်ဝတ်ရွတ်ပူဇော်ကြကြောင်းလည်း သိရှိရပါသည်။
ပခုက္ကူ ၊ စက်တင်ဘာ၊ ၂၃