တနင်္သာရီ အောက်တိုဘာ ၇
တနင်္သာရီမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်အင်အားတိုးပွားရေးအတွက် ကွင်းဆင်းစည်းရုံးဆောင်ရွက်ရန်လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၈နာရီ ၁၅ မိနစ်က ဘိုးဘွား ရိပ်သာဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးထင်ပေါ်က မြို့ နယ်ပါတီ၏ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက်ပါတီဖွဲ့စည်းပုံအခြေ အနေ၊လူငယ်ရေးရာနှင့်အမျိုးသမီး ရေးရာဖွဲ့စည်းပုံအခြေအနေကို ရှင်း လင်းပြောကြားခဲ့သည်။


