ဖေါင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီများ လပတ်ပုံမှန်အစည်းဝေး

 

ဖေါင်းပြင်၊ အာက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖေါင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီရုံးခန်းမ၌ ယနေ့နေ့လည် (၁၁:၀၀) နာရီအချိန်တွင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များနှင့် ဗဟိုအမျိုးသမီးရေးရာညီလာခံ ကြိုဆိုဂုဏ်ပြုပွဲအတွက် ညှိနှိုင်းဆွေးနွေးကြပါသည်။
ရှေ့ဦးစွာ ပါတီဥက္ကဌ ဦးနေဝင်းမှ ပါတီဌာန ဝင်ငွေထွက်ငွေများစာရင်း ရှင်းလင်းပါသည်။ ဆက်လက်၍ ဗဟိုအမျိုးသမီးရေးရာ ကြိုဆိုဂုဏ်ပြုပွဲအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် လုပ်ဆောင်ရမည့်ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းကြပါသည်။
ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များသည် ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ကြပြီး အစည်းဝေးကို နေ့လည် (၁:၀၀) နာရီအချိန်တွင် တက်ရောက်လာကြသည့် မြို့နယ်ပါတီကော်မတီများအားလုံး သဘောတူလက်မှတ်ရေးထိုးကာ အစည်းဝေးကို အောင်မြင်စွာ ရပ်နားခဲ့ကြပါသည်။

မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဥပဒေဆိုင်ရာသင်တန်းဖွင့်လှစ်သင်ကြား

 

မြင်းခြံ စက်တင်ဘာ ၃၀

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြင်းခြံခရိုင်ပါတီရုံးခန်းမတွင် ရွေးကောက်ပွဲဥပဒေဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲတွင် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီး မန္တလေးတိုင်းပါတီကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူမှသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အမှာစကားပြေားကြားခဲ့ပြီးနောက် သင်တန်းအား တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်မှ ရွေးကောက်ပွဲဥပဒေဆိုင်ရာဥပဒေများ ဆက်လက်သင်ကြားခဲ့ပါသည်။ ယင်းအခမ်းအနားကို နံနက် (၉) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူ၊ ဦးမျိုးမြင့်နှင့်မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့်ရပ်ကွက်/ကျေးရွာများမှ စည်းရုံးရေးဥက္ကဌများနှင့် စည်းရုံးရေးအဖွဲ့ဝင် သင်တန်းသား ၁၉၀ ဦး တက်ရောက်ကြပါသည်။

အုတ်​တွင်းမြို့နယ်​ အမှတ်​ (၁) မဲဆန္ဒနယ်​​မြေ လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း သရက်ကုန်းကျေးရွာ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

၂၀၁၈၊ စက်တင်ဘာ ၃၀

ဗဟိုအမျိုးသမီးညီလာခံကိုကြိုဆိုထောက်ခံ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များစုပေါင်းသွေးလှူဒါန်း သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်

 

လားရှိုး စက်တင်ဘာ ၃ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုး သမီးညီလာခံကို ကြိုဆိုထောက်ခံ သောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက လားရှိုးပြည်သူ့ ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခြင်း၊သန့်ရှင်း ရေးလုပ်အား ပေးခြင်းများဆောင် ရွက်ကြကြောင်း သိရသည်။

အမျိုးသမီးညီလာခံအကြို အမျိုးသမီး​ရေးရာနှီး​နှောဖလှယ်​ပွဲ ကျင်းပ​ရေးလုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ပြုလုပ်

 

ရေစကြို ၊ စက်​တင်​ဘာ ၃၀

တောင်ပေါက်အနောက်ရွာတွင် ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ

 

ကနီ စက်တင်ဘာ ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် တောင် ပေါက်ကျေးရွာအုပ်စု တောင် ပေါက်အနောက်ရွာ ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးဝင်းနေအိမ်၌ ပြည် ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် ပါတီဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့များအား တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

ပါတီဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ မိတ္ထီလာမြို့တွင်ကျင်းပ

 

မိတ္ထီလာ စက်တင်ဘာ ၃ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ အမျိုးသမီးနှီးနှောဖလှယ် ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီမှစတင်၍ မြို့နယ်အစည်းအ ဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပဲခူးတိုင်း​ဒေသကြီး၊​တောင်​ငူခရိုင်​၊အုတ်​တွင်းမြို့နယ်​တွင်​ ကျင်းပ​​သော ပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​ပွဲနှင့်​လူထု​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦသန်း​ဌေးတက်​​ရောက်​အား​ပေး

 

စက်​တင်​ဘာ(၂၈)၊အုတ်​တွင်း

ပဲခူးတိုင်း​ဒေသကြီး၊​တောင်​ငူခရိုင်​၊အုတ်​တွင်းမြို့နယ်​၊လက်​ပံခုံ​ကျေးရွာ၊​ဘောလုံးကွင်းတွင်​ ယ​နေ့နံနက်​(၉)နာရီ(၃၀)မိနစ်​မှ(၁၁)နာရီအထိ ကျင်းပ​သောပါတီဝင်​အဆိုပြုလွှာ​ပေးအပ်​ပွဲနှင့်လူထု​တွေ့ဆုံပွဲအခမ်းအနားသို့အခမ်း အနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဋ္ဌဦး သန်း​ဌေး တက်​​ရောက်​အား​ပေး ချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအား အ​လေးပြု၍ နိုင်​ငံ ​တော်​သီချင်း သံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးက နှုတ်​ခွန်းဆက်​အမှာစကား​ပြောကြားခဲ့သည်

ပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူ

 

မန္တလေး စက်တင်ဘာ ၃ဝ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် ၆၂x၄ဝလမ်းထောင့်တွင် ယမန်နေ့နံနက် ၉ နာရီက ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။အခမ်းအနား၌မင်္ဂလာအချိန်ကျရောက် သောအချိန်တွင် ပါတီအောင်နိုင်ရေးဆိုင်း ဘုတ်ကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီကော်မတီဝင် ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်း အောင်ကြည် ဦးဆောင်သော ပါတီအဖွဲ့ ဝင်များက ဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်များပက်ဖျန်း၍ အောင်မြင်စွာစိုက်ထူ ခဲ့ကြသည်။