ချောက် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြိုညှိနှိုင်းအစည်းအဝေးနှင့် ရေးရာအလိုက် လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက ချောက်မြို့နယ် ပြည်ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမဆောင် တွင် ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူးဦးသန်းလှိုင်၊ မြို့နယ်ရေးရာ ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ တက်ရောက်ကြသည်။