မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မိတ္ထီလာ အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့နံနက် ၁ဝနာရီခွဲမှ ၁၁နာရီခွဲ အထိလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကြသည်။

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗုဒ္ဓကျေးဇူးပရဟိတကျောင်းတိုက်၌ ဆွမ်းလှူဒါန်း

 

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ(၁၇.၁၀.၂၀၁၈)နေ့တွင် စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ဗုဒ္ဓကျေးဇူးပရဟိတစာသင်တိုက်၌ ဆွမ်းလှူဒါန်းမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါလှူဒါန်းမှုတွင် ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင်ဥတ္တမသီရိနှင့် သံဃာတော်များအား
န၀ကမ္မအလှူငွေနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဥပုဒ်သီလဆောက်တည်သူများနှင့် စာသင်တိုက်မှ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူ(၃၁)ဦးတို့အား ဆွမ်းကျွေးမွေးလှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
လှူဒါန်းရာသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ် အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)နှင့် စစ်တွေခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်စိုးတို့မှ တက်ရောက်ကာ ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ပြီး စစ်တွေခရိုင်ဘဏ္ဍာရေးမှူး ဦးစောသိန်းထွန်း၊ စစ်တွေမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်ပါတီအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား(၃၀)ဦးတို့မှ ပါဝင်လှူဒါန်းခဲ့ကြသည်။

ဗဟိုအမျိုးသမီးညီလာခံအားကြိုဆိုသောအားဖြင့် ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကုသိနာရုံတောင်တော်မြတ်တွင် စုပေါင်းသန့်ရှင်းရေးလုပ်အားပေး

 

ကျောက်ကြီး အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီး တောင် ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာနှင့် လူ ငယ်ရေးရာအလိုက် တာဝန်ခံများ နှင့် မြို့နယ်ကော်မတီဝင်များအား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဘုန်း ဦး ဆောင်၍ ပါတီဝင်အင်အား ၃ဝ ကျော်ဖြင့် ဗဟိုအမျိုးသမီးညီလာခံ အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျောက်ကြီးမြို့နယ် ကုသိနာရုံ တောင်တော်မြတ်ပတ်ဝန်းကျင်သန့် ရှင်းသာယာရေးအတွက် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိစုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည် အုန်းဒန်းအလည်ကျေးရွာတွင်မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

မိုးကုတ် အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် အုန်း ဒန်းအလည်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်သည် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်အတွက် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင်များ နှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ များ ဟောပြောခဲ့သည်။

နိုင်ငံထူထောင်ဖို့ အခြေခံကောင်းများ ချမှတ်ထားပြီးဖြစ်တဲ့အတွက် အောင်မြင်အောင် အကောင်အထည် ဖော်နိုင်စွမ်းရှိမဲ့ အရည်အချင်းပြည့်ဝသူများကို ရွေးချယ်တာဝန်ပေးအပ်ရန်သာ အဓိက အရေးကြီးသည်ဟု ဥက္ကဋ္ဌ ဦးသန်းဌေး မြစ်ကြီးနားမြို့ရှိပြည်သူလူထုနှင့်တွေ့ဆုံပွဲတွင် ပြောကြား

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် မြစ်ကြီးနားမြို့ရှိ ပြည်သူလူထုတွေ့ဆုံပွဲနှင့် ပါတီဝင်အဆိုပြု လွှာစုပေါင်းပေးအပ်ပွဲကိုအခမ်းအနားကို အောက်တိုဘာလ ၁၇ရက်နေ့ နံနက်၈နာရီ အချိန်တွင် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ပြု လုပ်ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအားအ လေးပြုပြီး နောက် နိုင်ငံတော်သီးချင်းကိုသံပြိုင်သီဆိုခြင်းဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။

လေယာဉ် မတော်တဆ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရှိခဲ့သော ကလေးငယ် နေအိမ်သို့ ပါတီဒုတိယ ဥက္ကဌ ဦးမြတ်ဟိန်းမှ သွားရောက် အားပေး

 

မင်းဘူး၊ အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး ၊မင်းဘူး(စကု) မြို့ တောက်ဘက်ခြမ်းတွင် ယမန်နေ့ကဖြစ်ပေါ်ခဲ့သည့် ရာဥတုရုတ်တရက် ဆိုးရွားမှုကြောင့် စစ်ဘက်သုံးလေယာဉ် နှစ်စင်း ပျက်ကျရသည့် ဖြစ်စဉ်အတွင်း လေယာဉ်အပိုင်းအဆ ထိမှန်၍ အသက်သေဆုံးခဲ့ရသော မသွယ်ဇင်ငြိမ်းနှင့် ခြေထောက် ဒဏ်ရာရှိသွားသော မောင်ဟိန်းထက်အောင် တို့ နေအိမ်များသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးမြတ်ဟိန်းနှင့် အဖွဲ့တို့ သွားရောက် နှစ်သိမ့်အားပေးခဲ့ကြပါသည်။

ကျေးဇူးတော်ချီးမွမ်းသည့် ဝတ်ပြုဆုတောင်းပွဲပြုလုပ်

 

မြစ်ကြီးနား၊ အောက်တိုဘာ ၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ကျေးဇူးတော်ချီးမွမ်းသည့် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့သည်။

အစီအစဉ်အရ လော်ဝေါ်နှစ်ခြင်းအဖွဲ့ချုပ် ဓမ္မဆရာကောင်စီသဘာပတိ Rev.ဟန်းကောခေါင်ဇောင်း မှအစီအစဉ်ဆက်ကပ်ဆုတောင်းပြီး ဓမ္မသီချင်းအမှတ်စဉ် ၃၄၂ ဖြင့် ဂုဏ်တော်ချီမွမ်းသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် လူထုတွေ့ ဆုံပွဲ ပါတီဥက္ကဌဦးသန်းဌေး တက်ရောက်

 

အောက်တိုဘာ – ၁၇ (မြစ်ကြီးနား)

ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုပါတီ အမျိုးသမီးညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲ ကျင်းပပြုလုပ်

ဆိပ်ဖြူ၊​၊ ​အောက်​တိုဘာ ၁၆

ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ တနင်္သာရီမြို့နယ်ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

တနင်္သာရီ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင် တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှကြီးမှူး၍ ယမန်နေ့နံနက် ၉ နာရီ ၄၅မိနစ်က ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကို တနင်္သာရီမြို့-မြတ်ပန်းတော်ဝင်ဟိုတယ်ခန်းမ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ သဘာပတိ မြို့နယ်ပြည်ခိုင်ဖြိုးအမျိုးသမီး ရေးရာကော်မတီဝင် ဒေါ်ဌေးဌေး ဝင်းနှင့်အဖွဲ့မှနေရာယူ၍ အခမ်း အနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ကာ သဘာပတိက အဖွင့်အမှာစကားပြောကြားပေးသည်။