
နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) ကို ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ခန်းမဆောင်၌ ကျင်းပပြုလုပ် သည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) ပထမနေ့အခမ်းအနား သို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ တက်ရောက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။









