ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့နံနက် ၁ဝ နာရီ က ဖျာပုံခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ဖျာပုံ မြို့နယ် ပင်လယ်ဘက်ခြမ်းရှိ အမာ မြို့နယ်ခွဲ နောက်မီး၊ အရှေ့ဖျား၊ ဆိပ်မ၊ ကျောင်းကုန်း၊ ဘဝသစ်၊ ကြက်ဖမွေးဇောင်းကျေးရွာများရှိရပ်မိ ရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် မွန်းလွဲ ၁၂ နာရီခွဲ၌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ဖျာပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊အရန်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ် ကွက်၊ ကျေးရွာအုပ်စုဥက္ကဋ္ဌများနှင့် စည်းရုံး ရေးမှူးများအား တွေ့ဆုံခဲ့သည်။








