အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူးက ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်နှင့် အမျိုးသမီးကိုယ် စားလှယ်များအား မိတ်ဆက်ပေးခဲ့ပြီး နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံ အမျိုးသမီး ညီလာခံကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ်က အမျိုးသမီးညီလာခံ (၂ဝ၁၈) လုပ်ငန်း ဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။