ရန်ကုန် ဇန်နဝါရီ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီတာဝန်ရှိသူများသည် မြန်မာ နိုင်ငံတွင်ပထမဦးဆုံးအကြိမ်ကျင်းပ သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေး ပွဲတော်သို့ ယမန်နေ့က သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အတူ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ် ဟိန်း၊ ပါတီအထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏ မောင်လွင်၊ ပါတီဗဟိုအတွင်းရေး မှူး ဒေါက်တာစန်းစန်းနွယ်တို့
လိုက်ပါကြည့်ရှုလေ့လာခဲ့သည်။
