ကော့မှူးပြည်ခိုင်ဖြိုးပါတီ ပါတီဝတ်စုံပေးအပ်ပွဲကျင်းပ

 

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝတ်စုံပေးအပ်ပွဲကို မြို့နယ်အတွင်း ကျေးရွာများသို့ ကွင်းဆင်း ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကော့မှူးမြို့နယ်အနောက် ခြမ်းတိုက်နယ်ရှိ ကျိုက်ထော်(မြောက်)ကျေးရွာ၊ ကျိုက်ထော်(တောင်) ကျေးရွာ၊ အောက်ကျောင်း ကျေးရွာများရှိ ပါတီဝင်များနှင့် တွေ့ဆုံ ကာ ပါတီဝတ်စုံများပေးအပ်ခဲ့သည်။ ပါတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီများ၊ ရွာမိရွာဖများနှင့်တွေ့ဆုံရာတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်းက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်အခြေအနေများ၊ ဒေသခံများ၏သုံးသပ်ချက်၊ မျှော် လင့်ချက်ယုံကြည်ချက်များအား ပွင့်လင်းမြင်သာစွာ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး ပါတီရှေ့လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး၊ ခရိုင်ညွှန်ကြားချက်များ ထပ်ဆင့်ရှင်းလင်းကာ ဒေသလိုအပ်ချက်များ အား အကြံပြုဆွေးနွေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီရုံးသစ်ဖွင့်ပွဲနှင့် ထူးချွန်ကျောင်းသားများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

 

ရှင်ဘွေယန် ဇန်နဝါရီ ၁၅

ကချင်ပြည်နယ် တနိုင်းဒေသ ရှင်ဘွေယန်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးသစ် ဖွင့်ပွဲအခမ်းအနားနှင့် ၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ်တွင် ထူးချွန်စွာအောင် မြင်ခဲ့သည့်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပွဲအခမ်း အနားကို ယမန်နေ့ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသူ ၂၅၃ ဦးတက်ရောက်ခဲ့ပြီး နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ သုံးခွမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီးသုံးခွ မြို့အမှတ်(၁)ရပ်ကွက် မာဃလမ်း ရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၁၁ နာရီက ပြည်ခိုင်ဖြိုးပါ တီဗဟိုအတိုင်ပင်ခံ ဦးမြညိမ်းက မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စု၊ ပါတီကော်မတီဝင် များနှင့် တွေ့ဆုံ၍ပါတီ၏လက်ရှိ လုပ်ငန်းများဆောင်ရွက်နေမှုများ၊ ပါတီ၏ မူဝါဒနှင့်ရှေ့လုပ်ငန်းစဉ် များ၊ နိုင်ငံရေးအခြေအနေများ၊ ပါတီစည်းရုံးရေးကိစ္စများဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

စလင်း ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက စလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်း အနားတွင် မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီဝင်ဦးကျာ်သူဦးက အဖွင့်အမှာ စကားပြောကြားသည်။

ရိုးခွကျေးရွာ အထက(ခွဲ) ပညာရည်ချွန်ဆုပေးပွဲနှင့်စုံညီပွဲတော်သို့ ပြည်ခိုင်ဖြိုးပါတီ တက်ရောက်အားပေးဆုချီးမြှင့်

 

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ရိုးခွကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)ပညာရည်ချွန်ဆုပေးပွဲနှင့် စုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရိုးခွကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူများသို့ ဆန်နှင့်ဆီများ အထူးလျှော့ဈေးနှုန်းဖြင့်ရောင်းချ

 

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး မြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ဦးဆောင်၍ ယမန်နေ့ နံနက် ၇ နာရီမှစ၍ ဒိုင်စုကျေးရွာ တွင် ဆန်နှင့်ဆီများကို အထူးလျှော့ ဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ် သို့ရောင်းချပေးလျက်ရှိရာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လှိုင် သာယာမြို့နယ်အတွင်းရှိ ရပ်ကွက် ပေါင်း(၂ဝ)၊ ကျေးရွာအုပ်စုကိုး အုပ်စုတို့အား ရွေ့လျားအစီအစဉ် ဖြင့် အလှည့်ကျရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှ မီးဘေးသင့် ပြည်သူများထံ သွားရောက်ကူညီ ထောက်ပံ့ 

 

ဇန်နဝါရီလ- ၁၅

ယနေ့(၁၅-၁-၂၀၁၉) ရက်နေ့တွင် ဇေယျာသီရိမြို့နယ် သစ်တပ်အုပ်စု သပြေပင်ကျေးရွာ မီးလောင်ဆုံးရှုံးမှုဖြစ်သွားသော အိမ်ထောင်စု (၄)စု လူဦးရေ (၁၇)ဦးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ခရိုင်ဥက္ကဌ ဦးအောင်နိုင်ဦးနှင့်မြို့နယ်အဖွဲ့များစုပေါင်း၍ အိမ်ထောင်တစ်စု ဆန်တအိတ်/ဆီနှင့် ယမ်ယမ်ခေါက်ဆွဲ အထုတ်များအား မီးဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

Akaris Arthawka

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီိမှ လစဉ်ပုံမှန် အစည်းအဝေး ပြုလုပ်

 

(15-1-2019)ရက်နေ့ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် လပတ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး မြို့နယ်အတွင်းရေးမှူး ဦးစိုးသီဟက ကွင်းဆင်း စည်းရုံးရေး ဆောင်ရွက်မည့်လုပ်ငန်းများ ပါတီတွင်း စည်းလုံးညီညွတ်ရေးကိစ္စများ ဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်ကော်မတီဝင် နယ်မြေတာဝန်ခံများကလည်း မိမိနယ်မြေအလိုက် ဆွေးနွေး ပြောကြားခဲ့ကြပါသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ရပ်ကျေးဥက္ကဋ္ဌများနှင့် ပါတီဝင်များကို စမူစာသုတ်ဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပါသည်။

မကွေးပြည်ခိုင်ဖြိုးပါတီမှ လုပ်ငန်းညှိနိုင်း အစည်းအဝေး ကျင်းပ

 

မ​ကွေး၊ ဇန်​န၀ါရီ ၊ ၁၄

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မ​ကွေးတိုင်း​ဒေသကြီး ပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်သည်​ တိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​ ဦး​အောင်​ချိန်​၊ မ​ကွေးခရိုင်​ ပါတီဥက္ကဌ ဦးထွန်းရှိန်​၊ ခရိုင်​ပါတီ​ကော်​မတီဝင်​ ဦးသိန်း​အေးတို့ လိုက်​ပါလျက်​ ယ​မန်နေ့ နံနက်​ ၉ နာရီခွဲမှ ည​နေ ၃ နာရီ ၂၀ အချိန်​ထိ မ​ကွေးခရိုင်​အတွင်းရှိ နတ်​​မောက်​မြို့နယ်​ပါတီနှင့်​ မြို့သစ်​မြို့နယ်​ပါတီတို့တွင်​ပြုလုပ်​ခဲ့သည်။

နတ်တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့် အရန်ကော်မတီဝင်များတွေ့ဆုံဆွေးနွေး

 

နတ်တလင်း ဇန်နဝါရီ ၁၄

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ် ပါတီဥက္ကဋ္ဌဦးမြစိုးက အဖွင့်အမှာ စကားပြောကြားပြီး တက်ရောက် လာသူများက ဒေသတွင်းအခြေ အနေနှင့် ဆက်လက်ဆောင်ရွက် သွားရမည့်လုပ်ငန်းများကို အကြံ ပြုတင်ပြကြရာပါတီဥက္ကဋ္ဌ ဦးမြစိုး ကအကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြား၍ကော် မတီဝင်များစည်းလုံး ညီညွတ်စွာ လုပ်ကိုင်ကြရန်နှင့်မိမိဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဌာနဆိုင်ရာ များ၊ပြည်သူများနှင့် လက်တွဲညီညီ ပူးပေါင်း လုပ်ဆောင်သွားကြရန် ပြောကြားကြောင်း သိရသည်။