ဝေါ ဖေဖော်ဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ်ကော်မတီဝင် ဦးသောင်ထွန်းနှင့် ကော်မတီဝင်များသည် ။
ဝေါ ဖေဖော်ဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ်ကော်မတီဝင် ဦးသောင်ထွန်းနှင့် ကော်မတီဝင်များသည် ။
နေပြည်တော် ဖေဖော်ဝါရီ ၁၂
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ညနေ ၆ နာရီက နေပြည်တော်ရှိ မြို့နယ်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးနှင့်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းကလည်း (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမဝင်းအတွင်းကျင်းပခဲ့ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆို – ၁၃-၂-၂၀၁၉
ယနေ့ (၁၃-၂-၂၀၁၉)ရက်နေ့ နေ့လည် (၁၂း၀၀)နာရီမှ (၁း၀၀)နာရီ အချိန်အထိကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စည်ပင်သာယာရပ်ကွက် နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်းဝင်းအတွင်း
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဒီးမောဆိုမြို့နယ်အတွင်းရှိပါတီဝင် လူငယ်များ လူငယ်ရေးရာလှုပ်ရှားမှုဒု-တာဝန်ခံနှင့် အဖွဲ့ဝင်များ ပြည်နယ်လူငယ်ရေးရာတာဝန်ခံများ သန့်ရှင်း ရေး လုပ်အားဒါန သွားရောက်ဆောင်ရွက်ကြပါသည်။
ဘုတလင် ။ ၁၂.၂.၂၀၁၉
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ ခရိုင် ဘုတလင် မြို့ နယ် အောင်ချမ်းကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာ ဦးမင်းဇော်အောင်၏ နေအိမ်ခြံဝင်းအတွင်းတွင် ယမန်နေ့ နံနက် (၁၁:၃၀) နာရီတွင် ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ် တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါသည်။
ဖေဖော်ဝါရီ ၁၂ ရက် ၂၀၁၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲအား တန့်ဆည်မြို့နယ် ဝရငယ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်ဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးကြီးညို ဦးထွန်းတင် ဦးသန့်စင်ဝင်း ဒေါ်နှင်းစုလှိုင်တို့ တက်ရောက်ကြ၍ ကျေးရွာရပ်မိရပ်ဖများနှင့်နိုင်ငံရေး စီးပွားရေး လူမှုရေးများ ဆွေးနွေးနှီးနှောဖလှယ်ကြပြီးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။
အိမ်မဲ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး မြောင်း မြခရိုင်အိမ်မဲမြို့ရန်မျိုးအောင်ခန်းမ ၌ အိမ်မဲမြို့နယ်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် EINME Youth Table TENNIS CLUB တို့ ပူးပေါင်းကျင်းပသည့် (၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖလား စားပွဲတင်တင်းနစ် ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီကကျင်းပခဲ့ကြောင်းသိရသည်။
ညောင်တုန်း ဖေဖော်ဝါရီ ၁၂
ညောင်တုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်ထောင်စုနေ့အထိမ်း အမှတ်အဖြစ်ကျင်းပသော ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဖလား ပိုက်ကျော် ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်၁၁နာရီက ကျင်းပခဲ့ သည်။
ပုသိမ်ကြီး ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင် စိစစ်ခြင်းနှင့် ပါတီဝင်အသစ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က ရေထွက်ကျေးရွာပါတီဝင် ဦးကြည်အောင်၏နေအိမ်၌ ပြုလုပ် ခဲ့သည်။
ယင်းအခမ်းအနားသို့ မြို့နယ် ပါတီ ဘဏ္ဍာရေးမှူးဦးဝင်းနိုင်၊ အရန်ပါတီကော်မတီဝင်ဦးသိန်းလွင် နှင့်အဖွဲ့ဝင်များက ကွင်းဆင်းဆောင် ရွက်ခဲ့ရာ ပါတီဝင်အသစ် ၃၇ ဦး ပါတီသို့ယုံကြည်စွာဖြင့် ဝင်ရောက် ခဲ့ကြောင်း သိရသည်။
ပဲခူး ဖေဖော်ဝါရီ ၁၂
ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နား ကွင်းတွင် ယမန်နေ့ နံနက် ၇နာရီခွဲက ကျင်းပသည့်(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။