ပဲခူး ဖေဖော်ဝါရီ ၁၂
ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နား ကွင်းတွင် ယမန်နေ့ နံနက် ၇နာရီခွဲက ကျင်းပသည့်(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။
ပဲခူး ဖေဖော်ဝါရီ ၁၂
ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နား ကွင်းတွင် ယမန်နေ့ နံနက် ၇နာရီခွဲက ကျင်းပသည့်(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ ကြသည်။
ရန်ကုန် ဖေဖော်ဝါရီ ၁ဝ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းတာဝန်ခံ ဦးခင်ရီ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုးတို့သည် ဖေဖေါ်ဝါရီလ(၈)ရက် နံနက်(၁၀)နာရီက ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင်မြို့နယ်ပါတီဥက္ကဌ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ပါတီဗဟိုအတွင်းရေးမှူး ဗဟိုအလုပ်အမှုဆောင်များနှင့်အတူ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒါက်တာကျော်စိုး ဘဏ္ဍာရေးမှူး ဒ်ါအေးမင်းမိုးနှင့် ပါတီဗဟိုကော်မတီဝင်များ တိုင်းပါတီကော်မတီဝင်များ ခရိုင်ပါတီဥက္ကဌမျာား မြို့နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
နေပြည်တော် ဖေဖော်ဝါရီ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Ghin Mang Shoute အား ယမန်နေ့ ညနေ ၄ နာရီတွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့သည်။ယင်းသို့တွေ့ဆုံရာတွင်နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား ရင်းနှီးချစ်ကြည်စွာ ဆွေးနွေးခဲ့ကြသည်။
06 February 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ နန်းတော်ကုန်းရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မြို့နယ်အစည်းအဝေးခန်းမ တွင် ယမန်နေ့နံနက် ၁၁ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအထိလပတ်ပုံမှန် အစည်းအဝေး ကျင်းပသည်။
ဖေဖော်ဝါရီ ၇ ရက် ၂၀၁၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲအား တန့်ဆည်မြို့နယ် ချောင်းရိုးအုပ်စု ဖန်းခါးဇင်ကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ ဆိုင်းဘုတ်တင်ပွဲသို့မြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်ဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးကြီးညို ၊ဦးထွန်းတင်၊ ဦးဝင်းဇော် ၊ဦးဖိုးကျော်၊ ဦးမင်းမင်းအောင်၊ ဦးကျော်ဦး ၊ဦးသန့်စင်ဝင်း၊ ဒေါ်နှင်းစုလှိုင်တို့ တက်ရောက်ကြ၍ ကျေးရွာရပ်မိရပ်ဖများနှင့်နိုင်ငံရေး စီးပွားရေး လူမှုရေးများဆွေးနွေးနှီးနှောဖလှယ်ကြပြီးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။
ဘုတလင် ။ ၇.၂.၂၀၁၉။
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ ခရိုင် ဘုတလင် မြို့ နယ် ငပယင်းကျေးရွာအုပ်စု ငပယင်းကျေးရွာ မင်းကြီးရပ်ကွက် ဦးမြင့်ဌေး၏ နေအိမ်ခြံဝင်းအတွင်းတွင် ယနေ့နံနက် (၉:၀၀) နာရီတွင် ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ် တင်ပွဲ အခမ်းအနားနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ပါသည်။
သီပေါ ဖေဖော်ဝါရီ ၆ ရက်
ယမန်နေ့ (၆.၂.၂၀၁၉) ရက်နေ့တွင် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် သီပေါမြို့ ပြည်သူ့ ဆးရုံကြီးတွင် ကုသမှုခံယူနေသော လူနာများအား ဖြိုးစေတနာအသင်းက ကြက်ဥ၊ကွေကာ၊ဆန်ပြုတ် စသည်တို့ကို သွားရောက် လှူဒါနန်း ပေးခဲ့ကြပါသည်။
ပင်လည်ဘူး ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ပင် လည်ဘူးမြို့နယ် မန္တံကျေးရွာအုပ် စု ကြို့ကုန်းကျေးရွာ ဦးသိန်းအောင် နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီက ဆိုင်းဘုတ်တင်ခြင်းအခမ်းအနား ကို ပြုလုပ်ရာ ဆိုင်းဘုတ်အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းနှင့် ပါတီမှတာဝန်ရှိ သူများက အောင်သပြေအမွှေးနံ့ သာများဖြင့် ပက်ဖျန်းကာ ဆိုင်း ဘုတ်စိုက်ထူခြင်း မင်္ဂလာပြုလုပ် ပေးပြီး တက်ရောက်လာကြသော မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းသိန်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသောင်းဌေး၊ မြို့နယ်ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် ပါတီဝင် ၆ဝ တို့နှင့်အတူ အမှတ် တရမှတ်တမ်းဓာတ်ပုံရိုက်ကူး၍ အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရ သည်။
ကနီ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် ကနဲကျေးရွာ အုပ်စု ကနဲကျေးရွာ ရပ်/ကျေး ပါတီဥက္ကဋ္ဌနေအိမ်၌ ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်း အနားနှင့် ပါတီဝင်များအား ရေနွေး ကြမ်းစကားဝိုင်း တွေ့ဆုံဆွေးနွေးပွဲ ကို ကျင်းပခဲ့သည်။