


နေပြည်တော် ဧပြီ ၂၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်း၊အထွေထွေအတွင်းရေးမှူး
ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသည့် ဒေါက်တာကျော်ကျော်ဌေး၊ဒေါက်တာစန်းစန်းနွယ်၊ ဌာနချုပ်မှူးဦးသောင်းရွှေ၊ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဋ္ဌ ဦးလှဆွေနှင့် ပါတီတာဝန်ရှိသူများသည် ယနေ့ နေ့လည်ပိုင်းတွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနသို့သွားရောက်ပြီး ဝန်ထမ်းများနှင့်မိသားစုများအတွက် ဆန်၊ ဆီ၊ ရေသန့်၊ စောင်၊ခြင်ထောင်၊ဖျာနှင့် အလှူငွေထောက်ပံ့လှူဒါန်းခဲ့ပါသည်။
လှူဒါန်းထောက်ပံ့မှုအနေဖြင့် ဆန် (၄)ပြည်အိတ် (၂၀၀)အိတ်၊ ဆီ(၅၀)ကျပ်သား (၆၀)ဗူး၊ ရေသန့်(၆)ဗူး ကဒ် (၇၀)ကဒ်၊စောင်(၁၀၀)ထည်၊ ခြင်ထောင်(၅၀)လုံး၊ဖျာ(၅၀)ချပ်နှင့်ငွေသိန်း
(၁၀၀)ကျပ်အား ပေးအပ်လှူဒါန်းရာ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်နှင့် တာဝန်ရှိသူများကလက်ခံယူခဲ့ပြီး ကျေးဇူးတင်
ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်