မန္တလေး ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂ဝ၁၉) ကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်ကလည်း အမှာစကား ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များက ကဏ္ဍအလိုက် ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမူ အခြေအနေများအား ဆွေးနွေးပြောကြား ခဲ့သည်။



