ချောင်းဦး မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ပါတီရုံး ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက် အမှာစကားပြောကြား ခဲ့သည်။ ထို့နောက် အစီအစဉ်အရ တိုင်းဒေသကြီး ပါတီကော်မတီဝင် မုံရွာခရိုင် ပါတီတာဝန်ခံ ဒေါက်တာ ဝင်းမြင့်အောင်က ပါတီတွင်း စည်းလုံးညီညွတ်ရေး၊ ဖွဲ့စည်းမှု ကျစ်လျစ်ရေး ဆောင်ရွက်ရန် ပြောကြားပြီး ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်တိုးကလည်း ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
