ရွှေကြာရံစေတီတော်မြတ်ထီးတော်တင်ပထမနေ့ထီးတော်အပ်ပွဲနှင့်ပိန္နဲတိုင်စိုက်ထူသည့်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခြင်း
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ပုတ်သင်ညိုကျေးရွာရှိရွှေကြာရံစေတီတော်မြတ်အားထီးတော်တင်ပထမနေ့ထီးတော်အပ်ပွဲနှင့်ပိန္နဲတိုင်စိုက်ထူသည့်မင်္ဂလာအခမ်းအနားတွင်ရန်ကုန်တိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတိုင်းကော်မတီဝင်ဦးတင်မောင်ဝင်းမှဦးဆောင်ကာမြောက်ပိုင်းခရိုင်ဥက္ကဌဦးတင်ယု၊အတွင်းရေးမှူးဦးမျိုးဇော်၊ခရိုင်ကော်မတီဝင်ဦးရဲဝင်းရှိန်၊လှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှမြို့နယ်ပါတီဥက္ကဌ၊အတွင်းရေးမှူးနှင်မြို့နယ်ကော်မတီဝင်များ၊မင်္ဂလာဒုံမြို့နယ်၊တိုက်ကြီးမြို့နယ်၊မှော်ဘီမြို့နယ်တို့မှမြို့နယ်ပါတီဥက္ကဌနှင့်အတွင်းရေးမှူးများအခမ်းအနားသို့တက်ရောက်ခဲ့ကြပါသည်။
##Chan Mya Aye
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမ နှင့် သရက်မြို့နယ်များတွင် ၂၀၀၈ ဖွဲ့စည်းပုံစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ ကော်မတီဝင်များ ဖြစ်ကြသည့် ဦးစောဝင်းမောင်၊ ဦးအောင်နိုင်၊ ဒေါ်ယဉ်ယဉ်လှ တို့တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ခရိုင်၊ မြို့နယ်နှင့် အခြေခံပါများမှ တာဝန်ရှိသူများ၊ စိတ်ဝင်စားသူများနှင့် ပါတီမိတ်ဆွေများ တက်ရောက်ခဲ့ကြပါသည်။
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီနှင့် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး
လွိုင်ကော်မြို့နယ် – မတ်လ ၁၈
၂၀၁၉ခုနှစ် မတ်လ (၁၈)ရက်နေ့ နံနက်(၁၀း၀၀) နာရီ အချိန် ကယားပြည်နယ် လွိုင်ကော်ခရိုင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး ကျင်းပပြုလုပ်ပြီး ပထမဦး စွာ နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော်သီချင်း ဖြင့် သီဆို ဖွင့်လှစ်ပါသည်။ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး လက်ရှိနိုင်ငံရေး အခြေအနေများ ပါတီလုပ်ငန်း ဆောင်ရွက်ချက်များ လုပ်ငန်းလုပ်ထုံးလုပ်နည်းများ အသေးစိတ်ရှင်းလင်း လမ်းညွှန်မှာကြားသွားပါသည်။
မော်လိုက်မြို့နယ် ကျေးရွာများသို့ နယ်လှည့်ဆေးကုသခြင်းဆောင်ရွက်
မော်လိုက် မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်ခရိုင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မော်လိုက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဆင့်၊ အတွင်းရေးမှူး ဒေါ်စန္ဒာသိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းဇော်နှင့် နယ်မြေတာဝန်ခံ ပါတီကော်မတီ ဝင်များသည် တပ်မတော်ဆရာဝန် ဗိုလ်ကြီး ပိုင်လင်းထက်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းမှစ၍ မော်လိုက်မြို့ နယ် မှော်ကူးကျေးရွာနှင့် သရက် ပင်လယ်ကျေးရွာများသို့ သွား ရောက်ပြီး နယ်လှည့်ဆေးကုသမှု များဆောင်ရွက်ခဲ့ကြသည်။
ညောင်ဦးမြို့နယ် တောင်ဖီ(လယ်ယား)အုပ်စု ဆယ်လံကျေးရွာတွင်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ
ညောင်ဦး မတ် ၁၈
ညောင်ဦးမြို့နယ် အတွင်းရှိ တောင်ဖီ(လယ်ယား)အုပ်စုဆယ်လံ ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးမောင်ဝင်း၏ နေအိမ်၌ ယမန်နေ့ ညနေ ၄ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း ခန္တီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ခန္တီး၊ မတ်-၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ၊ခန္တီးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့မနက်(၀၉:၀၀)နာရီအချိန်က ကျင်းပပြုလုပ်သည့် ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းဒေသကြီးပါတီဥက္ကဌဒေါက်တာမြင့်သိန်း၊ တိုင်းပါတီအတွင်းရေးမှူးဦးအောင်ဇော်ဦး၊ တိုင်းပါတီကော်မတီဝင် ဦးစောမြင့်ဦး၊ ခန္တီးခရိုင်ပါတီဥက္ကဌ ဦးအောင်ချစ်လွင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ ခန္တီးမြို့နယ်ပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများနှင့် ပါတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရွှေပြည်သာ၊ မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံး၌ ယနေ့ မွန်းတည့် ၁၂မှ၂ နာရီအထိ ခရိုင်ကော်မတီဝင်၊မြို့နယ်ပါတီဥက္ကဌ၊့အတွင်းရေးမှူ၊နှင့်မြို့နယ်ကော် မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီကော်မတီဝင် ဦးဝင်းစိုး၊ဒေါ်ချမ်းမြအေး၊မြို့နယ်ပါတီဥက္ကဋ္ဌဦးလင်းအောင်အောင်၊အတွင်းရေးမှူးဦးဇေယျာဝင်း၊ဘဏ္ဍာရေးမှူးဦးလေးမောင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး စည်ပင်သာယာရေးကော်မတီတွင်ပါတီမှဝင်ရောက်ယှဉ်ပြိုင်သောကိုယ်စားလှယ်လောင်းများအောင်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်မှူ့များ၊ပါတီလုပ်ငန်းဆောင် ရွက်နေမှုနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ဒေသ ဆိုင်ရာအချက်အလက်များ၊ ပြိုင်ဘက်ပါတီ များ၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ မိမိ ပါတီ၏ အားနည်းချက်၊ အားသာချက်များ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီး ပါတီ အောင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ကြံခင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ
ကြံခင်း၊ မတ် ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ကြံခင်းမြို့နယ်ရှိ မြို့နယ်ကော်မတီဝင်များအား ယနေ့ နေ့လည် ၁၂ နာရီအချိန်တွင် ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင်တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို တိုင်းဒေသကြီးကော်မတီဝင်ဦးအောင်ဝင်းဆွေ၊ ခရိုင်ကော်မတီဝင် ဦးတင်ဝင်းနှင့် ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ၊အရံကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းမှ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင် ပြည်သူလူထုနှင့်ပိုမိုထိတွေ့ရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားကာ တက်ရောက်လာသော မြို့နယ်ကော်မတီဝင်များမှ ဒေသအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားကို ညနေ ၃ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
ဒဂုံတောင်မြို့နယ် လေးထောင့်ကန်ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်တွေ့ဆုံပွဲနှင့် ဆိုင်းဘုတ်အသစ်စိုက်ထူပွဲကျင်းပ
ရန်ကုန် မတ် ၁၇
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန် ရပ်ကွက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ပါတီဝင်တွေ့ဆုံပွဲနှင့် ပါတီဆိုင်းဘုတ်အသစ်စိုက်ထူပွဲ အခမ်းအနားကို လေးထောင့်ကန် ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအေးသောင်းနေအိမ်၌ ယမန်နေ့ မွန်းလွဲ၁နာရီတွင်ကျင်းပခဲ့သည်။