မေ(၆)၊မတ္တရာ သုတ
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေပိုင်းအထိ မြို့နယ်ပါတီ၏ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များ လပတ်အစည်းဝေးနှင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့သည်။ အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ နိုင်ငံတော်အလံအား အလေးပြုဖွင့်လှစ်ပြီးနောက် ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။